အခန်း ၆၃ ညဥ့်ဇီးကွက် ၃

3.2K 611 27
                                    

Chapter 63 အခန်း ၆၃ ညဥ့်ဇီးကွက် ၃

“အဲ.င့ါသေနတ်ကော? မင်း ဘယ်မှာ သိမ်းထားလဲ။ ငါ့အလောင်းနဲက တခါတည်း မြုပ်လိုက်တယ်တော့ မပြောနဲ့” ကွမ်ကျင်က အဲဒိပြဿနာ အခုမှ သွားသတိရသည်။

“ငါမြုပ်ချင်တောင် မမြုပ်နိုင်ဘူး။ ငါ မင်းကို တွေ့တော့ မင်း သေနတ်သိမ်းထားတဲ့ သေတ္တာတောင် မရှိတော့ဘူး” တိုနီက သူအပြစ်ကင်းလှပါကြောင်း လက်လေးတောင် ဖြန့်ပြလိုက်သေးသည်။

ကွမ်ကျင့်အမူအယာက ပြောင်းသွားသည်. “ငါ့ သေနတ်တောင် သိမ်းသွားတယ်။ ဘာလုပ်ဖို့လဲ လုထားတဲ့တွေ စုထားမလို့လား”

“အင်း… ဆင်းရဲလွန်းလို့ နေမှာပေါ့ကွာ”

“ဒါဆိုလဲ ငါ့အလောင်းယူပြီး သူတို့ဗိုက်သာ ဖြည့်လိုက်ပါတော့လား”

“ဟေ့.. စိတ်လျော့။ မင်းရဲ့ ဒါလင်လေးကို မင်းအရမ်းတွယ်တာတာက ငါသိပါတယ်။ ငါတို့ကလဲ သူ(မ)ကို သေချာပေါက် ကယ်မှာပါကွ” တိုနီကတော့ အီသန် ပြန်လည်မွေးဖွားလာပြီးမှ သူ့ဒေါသက ပိုကောင်းမလာပဲ သူ့သည်းခံနိုင်စွမ်းတွေက ဘဲဥနား ကပ်နေတယ်လို့တောင် ခံစားနေရတာမို့ ခဏခဏ နှစ်သိမ့်ပေးဖို့က လိုနေသည်။

“မင်း စုံစမ်းတာ ဘယ်လိုလဲ”

“တာ့ဂျီကတော့ တိကျတဲ့ သတင်းလေးတွေ ပေးမယ်လို့တော့ ကတိပေးတာပဲလေ။ မင်းလဲ သိပါတယ်။ တမန်တော်တွေက နေရာတိုင်းမှာ ရှိနေတာဆိုတော့ သူတို့လဲ အရမ်းကြီး ရဲတင်းလွန်းဖို့က မရဲကြဘူးလေ”

“အဲဒိကိစ္စ မင်းလက်ထဲ အပ်လိုက်မယ်။ နေ့ခင်းကျရင် ငါအပြင်ခဏထွက်ဦးမယ်။ မင်းရဲ့ Chevrolet ငှားလိုက်”

တိုနီက ခုံရှည်ပေါ်တွင် ထိုင်ကာ “ဟိုလူတွေ မင်းသွားရှာဦးမလို့လား? မင်း သေကော သေချာလို့လား။ ငါမင်းနဲ့ လိုက်ခဲ့မယ်လေ။ မင်းကိုမင်း အန္တရာယ်တောထဲ သွင်းမိမှ ဒုက္ခများနေမယ်”

“အပြင်လူရှေ့မှာ သူတို့ကိုယ် သူတို့ ဘာဆိုတာ ပြမှာမဟုတ်ဘူး။ ပြီးတော့ သူတို့က ကြားလူနဲ့လဲ သတင်းမပါးဘူး။ မင်းသာသွားရင် ငါ သူတို့ကို ဘယ်တော့မှ ရှာတွေ့မှာကို မဟုတ်ဘူး။ တိုနီ။ ငါမင်းကို ယုံတယ် ဒါပေမယ့် ဟိုစကားလိုပဲကွာ အဖွဲ့ရဲ့ ခွန်အားဆိုတာ အဖွဲ့ဝင်တစ်ယောက်စီပဲ ပြီးတော့ အဖွဲ့ဝင် တစ်ယောက်စီတိုင်းရဲ့ ခွန်အားဆိုတာက အဖွဲ့ပဲ။ ငါလဲ အဖိုးကြီး ငါ့ကို ချန်ထားခဲ့တဲ့ အဲဒိ အဖိုးတန် အမွေ ဆိတုာကို ယုံတယ်။ ဟိုလူတွေကို ဆန့်ကျင်ဖို့ ဆိုရင် ကိုယ်တွေနဲ့ မဟာမိတ် ဘယ်လောက်များများ ပိုတယ်ဆိုတာကို မရှိဘူး”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now