အခန်း၁၅ ပွဲဦးထွက် ၁၃

4.6K 878 15
                                    

Chapter 15 အခန်း ၁၅ ပွဲဦးထွက် ၁၃

လင်းပိုင်နှင့် ကွမ်ကျင်ကလွဲလျှင် အဖွဲ့ထဲက ကျန်သောသူအားလုံး ဝမ်ပင်းခန်ကို ဖမ်းရန်အလို့ငှာ  ထွက်ခွာသွားကြသည်။

“ဘာမှလဲ လုပ်စရာမှမရှိတာ ငါပြန်ပြီ” ကွမ်ကျင်က လင်းပိုင်ကို ပြောပြီးတော့ သူ့ကုတ်အကျီကို ကောက်ဆွဲလိုက်သည်။

“ဟမ်? ဘယ်သွားမှာလဲ” လင်းပိုင်က စူပုတ်ပုတ်နဲ့ “မင်း င့ါကို တစ်ယောက်တည်း ထားခဲ့ပြန်ပြီ..”

“မင်းမှာ မင်းရဲ့ အီလက်ထရောနစ် ချစ်သူလေး ရှိတယ်မဟုတ်ဘူးလား”

လင်းပိုင်က သူ့ကွန်ပျူတာကို သူ ဖက်ကာ ပြန်ပက်သည် “မင်းက အကောင်းဆုံးပဲ….”

ကွမ်ကျင်ကတော့ ထွက်သွားစပြုနေပြီ သို့သော် နောက်ကို ဆတ်ခနဲ ပြန်လှည့်လာကာ လင်းပိုင်ကို စိုက်ကြည့်လိုက်သည်။

လင်းပိုင်က သူ့လက်ပတော့ ကို မက်ထားဆဲ ဖြစ်ကာ တွေဝေစွာနှင့် “…ဘာ.ဘာလဲ မင်းဘာလုပ်မလို့လဲ”

“မင်းအိမ်ကို လိုက်ပြီး ညစာချက်ကျွေးမလို့လေ”

ကွမ်ကျင်က အိမ်ချက် အီတာလီယံစာ ပင်လယ်စာစပါဂတီကို သုံးကာ လင်းပိုင်ဆီက ဆာဗာတွေထဲကို  ဘာသဲလွန်စမှ မကျန်ရစ်အောင် ရှောင်တိမ်းနိုင်သော နည်းလမ်းနှစ်သွယ် အရယူနိုင်ခဲ့သည်။ သူတုန့်ဆိုင်းနေပေမယ့် လင်းပိုင်က စားလို့ သောက်လို့ဝကာ သူ့ရဲ့ ဟဆုနဲဖက်လုံးကို ဖက်ကာ အိပ်ပျော်လို့ သွားရည်တွေတောင် ကျနေတော့မှတော့ လင်းပိုင်၏ ကွန်ပျူတာကို တိတ်တဆိတ် အသုံးပြုကာ သူ အရင်က ဝင်ဖူးသည့် ဝက်ဆိုက်ဒ် ထဲကို ဝင်လိုက်သည်။

ဟဆုနဲ ဖက်လုံး Hatsune Pillow

ဟဆုနဲ ဖက်လုံး Hatsune Pillow

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now