Chapter 45 အခန်း ၄၅ ကျောင်းတွင်းသံသယ ၇
ခါတိုင်းလိုပဲ ကွမ်ကျင်တစ်ယောက် အိပ်ယာမဝင်ခင် လုယွင်ယွမ်ကို ခပ်စူးစူး ကြည့်လိုက်သေးသည်။ အဓိပ္ပါယ်ကတော့ ရှင်းပါတယ်: အိပ်နေတုန်းမှာ ကိုယ့်ကိုကိုယ် ထိန်း..
လုယွင်ယွမ်ကလဲ လိမ်လိမ်မာမာနှင့် အိပ်ယာပေါ် တက်သွားကာ တစ်ဖက်အစွန်းတွင် လှဲကာ မလှုပ်မယှက် မျက်လုံးကြီး မှိတ်လိုက်သည်။ ပြီးမှ မျက်လုံးကို ဖြည်းဖြည်းချင်း အသာလေး ဖွင့်ကာ အိပ်ပျော်သွားသော ကွမ်ကျင့်ကို ကြည့်နေလိမ့်မည်။
ဒီနှစ်ရက်မှာ သူ့ကို နည်းနည်းလေး အံ့အားသင့်စေသည့် အချက်တစ်ခုကို သူတွေးမိနေသည်။ သူ မနာလို ဖြစ်နေတယ်။ မနာလိုတာမှ သူမမြင်ရ သူမထိတွေ့ရတဲ့ ဖုန်းရဲ့ အခြားတစ်ဖက်မှ စိတ်ကူးယဉ်ရန်သူကို မနာလိုနေတာ။ ကွမ်ကျင်က အဲဒိတစ်ယောက်ကို ပြောနေကျမဟုတ်တဲ့ လေသံနှင့် ပြောလိုက်ရုံလေးနှင့်တင် လုယွင်ယွမ်မှာ သူကိုယ်တိုင်က အောက်တန်းကျတယ်လို့ သတ်မှတ်ထားတဲ့၊ သူ့ကို သိတဲ့ လူတိုင်းက အထိတ်တလန့် ဖြစ်လို့သွားစေမယ့် အရာကို သူ တိတ်တိတ်လေး လုပ်ထားသည်။ ဒါကတော့ ကွမ်ကျင့်ဖုန်းကို ခိုးကြည့်ထားတာ။
လုယွင်ယွမ်က သူမထိန်းချုပ်နိုင်သည့် အရာ ဖြစ်သွားမှာကို လုံးဝခွင့်မပြုနိုင်သူ တစ်ယောက် စြဖ်သည်။ အခုတလော ဖြစ်ပျက်သွားသည့် အရာတွေကို သူ နည်းလမ်းကျကျ ရှင်းပြနိုင်ဖို့ လိုတာမို့ အခုတလော ဖြစ်သွားသည့် ကိစ္စအသေးလေးတွေကိုတောင် အသေအချာ ပြန်စဉ်းစား ဆင်ခြင်နေသည်။ သူ ကွမ်ကျင့်ကို ပထမပိုင်း ချဉ်းကပ်ကြည့်တာက ဘော်ဒါတစ်ယောက်က ရှက်တတ် ကြောက်တတ်တဲ့ အတိတ်မေ့နေသော ရဲအရာရှိလေး တစ်ယောက်ကို ကူညီပေးဖို့ အကူအညီတောင်းလို့ပင်။ သို့သော် နောက်ပိုင်း လူချဉ်းကပ်ကြည့်အပြီးတွင် ထို ရဲအရာရှိလေးက မရှက်တတ် မကြောက်တတ်သည့်အပြင် တည်ငြိမ်ကာ လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်တတ်နေကာ ပြင်ပမှ အကြောင်းအရာတွေ အလွယ်တကူ မသက်ရောက်နိုင်သော ကျွမ်းကျင်လိမ္မာလှသည့် အပြင် တစ်ကိုယ်လုံးအနှံ အေးစက်စက် ချဉ်းကပ်မနိုင်သော အရိပ်အငွေ့များ ယိုစိမ့်ထွက်နေတာတောင်မှ သူ့ရဲ့ ကြင်နာတတ်တဲ့ အပြူအမူလေးတွေကို မငြင်းဆန်နိုင်သူ တစ်ယောက် ဖြစ်နေသည်။
KAMU SEDANG MEMBACA
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
AksiAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023