အခန်း ၄၄ ကျောင်းတွင်းသံသယ ၆

3.4K 666 11
                                    

Chapter 44 အခန်း ၄၄ ကျောင်းတွင်းသံသယ ၆

ကွမ်ကျင် သူ့ဘာသာသူ စိတ်တည်ငြိမ်အောင် လုပ်ပြီးသွားချိန်တွင်တော့ လုယွင်ယွမ်လဲ အိမ်ထဲကနေ မောင်းအထုတ်ခံရမည့် ဘေးကနေ အဆုံးသတ်မှာ ရှောင်လွှဲပြီးသား ဖြစ်သွားသည်။ ကွမ်ကျင်ကတော့ တိုက်ခန်းထဲမှာ သန့်ရှင်းရေးလုပ်ဖို့၊ သူတို့ အဝတ်အစားတွေ လျှော်ဖို့ နှင့် အစားအသောက်တွေ ပြင်ဆင်ဖို့ အိမ်အကူတစ်ယောက် ငှားထားတယ်လို့သာ သတ်မှတ်လိုက်တော့သည်။ ကွမ်ကျင် လုပ်ပေးရတာဆိုလို့ ဒီတစ်ယောက်ကို အိပ်ဖို့ နေရာလေးပဲ ပေးရတာလေ။ ဒီတော့ ဒါ မျှတသားပဲ။ (ကိုကိုကွမ်ကွမ်တို့ကတော့ သူများအိမ်လဲ နေသေးတယ်။ အခန့်သားပဲနော်။ မီးသေချက်ကတော့)

“နိုဝင်ဘာတုန်းက ဖြစ်တဲ့ ဖြစ်ရပ်က ဒီအမှုသုံးခုနဲ့ ပတ်သတ်နေတယ်လို့ ထင်တယ်လို့ ပြောချင်တာမလား” လုယွင်ယွမ်က ကွမ်ကျင် သူတို့ စုံစမ်းရသမျှကို ပြောပြတာ နားထောင်အပြီး ပြောလိုက်သည်။

“အကုန်လုံးက ဓါတ်ခွဲဆောင်ထဲမှာ ဖြစ်သွားတာ ဆိုတော့ နည်းနည်းတော့ တိုက်ဆိုင်မလွန်းဘူးလား။ ပြီးတော့ ကောင်ယွမ် သေတာကလဲ ဒီနှစ်စပိုင်းမှာ။ မတော်တဆ သေဆုံးမှုတွေ စတင် ဖြစ်လာတာပဲလေ” ကွမ်ကျင်ကတော့ အရမ်းကို သေချာနေပြီ။

“ဒီလိုတော့လဲ ဟုတ်နေသားပဲ ဒါပေမယ့် သူတို့ ကြားထဲက ပတ်သတ်မှုကို မတွေ့သေးတော့ ဆက်ရဗာဖို့ ခက်နေတယ်။ ကျင်းဟန်နဲ့ အခြားသူတွေ ဘက်က အခြေအနေကို ကိုယ်တို့ကြည့်ဖို့လဲ လိုသေးတယ်နော်”

“ခင်ဗျားမှာရော ဘာအကြံဥာဏ်မှ မရှိဘူးလား”

“အကယ်လို့သာ ဒီ ကွင်းဆက်လူသတ်မှုတွေက လူတစ်ယောက် သေသွားလို့ ဖြစ်လာတာ ဆိုရင်တော့ ကိုယ်တို့က အရမ်းတော်ပြီး အတွက်အချက်တော်တဲ့ ရာဇဝတ်ကောင်နဲ့ ရင်ဆိုင်နေရပြီလို့ ပြောလို့ရနေပြီ။ သူတို့က ပုန်းအောင်းပြီး မမြင်နိုင်ဘူး။ ပြီးတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေတယ် ပြီးတော့ စဉ်းစားဥာဏ်လဲ ရှိသလို ယုံကြည်မှုကလဲ ရှိနေပြန်ရော။ အခုတောင်မှ ဒီ သေဆုံးမှုတွေက လူသတ်မှုလို့ ကိုယ်တို့တွေ အတည်ပြုလို့ မရသေးဘူးလေ”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now