အခန်း ၁၃၁ Soldiers of Gossip

1.5K 182 14
                                    

အခန်း ၁၃၁ Soldiers of Gossip

"ဟေ့ ဟေ့၊ ပြောရဦးမယ် သတင်းအကြီးကြီးဟေ့" တင်တင်က ရုံးခန်းထဲကို လေပွေတိုက်သလို ဝင်ချလာကာ တံခါးကိုလဲ ခြေထောက်နှင့် နောက်ပြန်ကြီး ပိတ်ချလိုက်သည်။

"ဘော်ဘော်တို့ရေ သူငယ်ချင်းတို့ရေ။ ငါ လျှို့ဝှက်ချက် အကြီးကြီး တစ်ခုရှာတွေ့သွားတာ သလား" တင်တင့် မျက်လုံးတွေက စိတ်လှုပ်ရှားမှုဖြင့် လင်းလက်နေသည်။

ကွမ်ကျင်က သူ(မ)ကို ဖျတ်ခနဲ လှမ်းကြည့်ကာ "နင် မနေ့က ဆေးသုံးထားတာလား"

"...အယ် မထူးဆန်းသလို မလုပ်စမ်းပါနဲ့ ဒါ တကယ့် သတင်းကြီးဟ" တင်တင်က ဆုံလည်ကုလားထိုင်တွင် ထိုင်ကာ အခန်းအလယ်ကို ရွှေ့သွားကာ "မနေ့က၊ ငါ့ သူငယ်ချင်းဘောစိတစ်ယောက်က ငါတို့ ဘော်ဒါ တစ်သိုက်ကို စားသောက်ဆိုင်ကောင်းကောင်းတစ်ခုကို ခေါ်သွားတယ်လေ။ အထဲမှာဟယ် အရပ်ရှည်ရှည် ဥစ္စာပေါ ကောင်လေးချောချောလေးတွေ မှ အများကြီးပဲ "

"အဲဒါနဲ့ သူငယ်တစ်ယောက်ကို နင်အရက်ခွက်နဲ့ တိုက်မိပြီးတော့ နင့်ကို အဆင်ပြေရဲ့လား မေးတာလား" ချန်ချောင်ယွီက မျက်စိမှေးပြီး လှမ်းမေးလိုက်သည်။

"ဟမ်၊ ဒါကြီးက ရိုးနေပြီ။ ပိုဆန်းတာလေး စဉ်းစားပါ အမရဲ့။ မဟုတ်ဘူး မဟုတ်ဘူး၊ ငါ ပြောတာ လာအနှောင့်အယှက် မပေးနဲ့။ ငါဆက်ပြောမယ်။ ငါ အိမ်သာကို သွားတော့လေ သွားတဲ့ လမ်းမှာ ထူးဆန်းတဲ့ အပင်တစ်ပင် တွေ့ရော အဲဒါနဲ့ ငါလဲ အနီးကပ် သွားကြည့်လိုက်တော့ အဲဒိမှာ အဲဒိမှာပဲ ငါမထင်ထားတဲ့ ဟာ သွားတွေ့တာဟေ့" တင်တင်က အားရပါးရ ဆက်ပြောသည်။

"တော်တော်လေး အံသြစရာပဲဟ" လင်းပိုင်က ပျင်းခြောက်ခြောက် ဝင်ပြောလိုက်သည်။

"တော်စမ်း၊ အဲဒိ ဘာမှန်းမသိတဲ့ အပင်ရှည်ရှည်နဲ့ နောက်က လူကွယ်တဲ့ နေရာမှာ ထမင်းစားနေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်တာ။ သူတို့ ထဲက တစ်ယောက်က အရပ်အရှည်ကြီးပဲ ပြီးတော့ သူ့က ခပ်သွယ်သွယ်လူတစ်ယောက်ကိုလဲ ဖက်ထားသေးတာ။ သူတို့ခေါင်းတွေကနေ အရမ်းကို ကပ်နေတာ။ ကြည့်လိုက်တာနဲ့ကွာ အရမ်းရင်းနှီးနေတာမျိုး။ နောက်တော့ ပိုပိန်တဲ့ တစ်ယောက်က လှည့်လိုက်တော့ သူ့မျက်နှာ ဘေးတစ်ခြမ်းပေါ်လာရော..." တင်တင်က အားလုံးကို ဝှေ့ကြည့်လိုက်သေးသည် ပြီးတော့မှ "အဲဒိတစ်ယောက်ကလေ... ငါ့တို့ရဲ့ ဘောစိကြီးတော့"

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now