Chapter 90 အခန်း ၉၀ အမှုမရှိချိန် လပ်လျားလပ်လျားအချိန်လေးများ (၄)
လုယွင်ယွမ်နှင့် ကွမ်ကျင်တို့ အတူတူ ရုံးထဲ ဝင်သွားချိန်က အားလုံးရဲ့အာရုံစိုက်မှု ဗဟိုချက်ချာကြီး ဖြစ်လို့ သွားပြန်သည်။
“နေမကောင်းဘူးဆို၊ သိပ်နေကောင်းပုံလဲ မရဘူး” တင်တင်က လုယွင်ယွမ်ကို စိုးရိမ်သလို ကြည့်ကာ “အမှုကြီးလဲ ရှိတာမှာ မဟုတ်တာ။ အိမ်ပြန်ပြီး သွားနားပါလား”
“ရပါတယ်။ စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်။ အပြင်မှာ လေကောင်းလေသန့်လေး ရတာ ပိုကောင်းလို့”
“အား၊ ပရော်ဖက်ဆာအချောလေးပဲ။ မတွေ့တာတောင် လနဲ့ ချီနေပြီနော်။ ကျွန်မတို့ရဲ့ အထူးအကြံပေးရထားတဲ့ အခွင့်အရေးကများ ပြီးသွားပြီတောင် ထင်နေတာ။ ပြန်တွေ့ရတာ ဝမ်းသာပါတယ်” ချန်ချောင်ယွီက သူ(မ)၏ ဖန်ဂဲလ်ဆိုတာကြီးကို ဖုံးထားဖို့ နည်းနည်းလေးတောင် မကြိုးစားတော့ပေ။
လုယွင်ယွမ်က အားလုံး၏ စိတ်ပူပေးမှုများကို ပျာပျာပျာပျာနှင့် ပြန်ဖြေပေးလို့နေသည်။ ကွမ်ကျင်ကတော့ ဟွန့်ခနဲ လုပ်ကာ သူ့ခုံသူသွားထိုင်တော့သည်။
နောက်စက္ကန့်အနည်းငယ်ကြာတော့ လုယွင်ယွမ်ကလဲ အားလုံးကို ပြန်ဖြေပြီး ဖြစ်ရာ ကွမ်ကျင်နားမှာ ချက်ချင်း သွားထိုင်တော့သည်။ “ရှောင်ကျင် ကိုယ် ဘာကူပေးလို့ ရလဲ”
“မလိုဘူး။ ခင်ဗျားကမှ ကောင်းကောင်း မသက်သာသေးတာကို ဘယ်လိုလုပ် ကျွန်တော်က ပင်ပင်ပန်းပန်း လုပ်ခိုင်းရဲမှာလဲ ပရော်ဖက်ဆာရယ် ”
အားလုံးက ကြည့်လျှင်သာ အလုပ်များသည့်ပုံ ပေါ်နေတာ အကုန်လုံးက သူတို့ကို သာ နားစွင့်လို့ထားသည်။
“အားစိုက်လုပ်ရတာမျိုးမှ မဟုတ်တာ။ ဦးနှောက်သုံးရတာတော့ ရပါသေးတယ်”
“ခင်ဗျား ဦးနှောက်လဲ ပျက်နေတာ မဟုတ်ဘူးလား”
“……သုံးလို့တော့ ရပါသေးတယ်”
ကွမ်ကျင်က သူ့ဘေးက ဖိုင်အပုံလိုက် ဖျတ်ခနဲ ကြည့်ပြီး ပြုံးပြကာ “အာ့ဆိုလဲ ရတယ်လေ ဦးနှောက်က မသုံးရင်လဲ ချေးတက်သွားဦးမယ်။ ဒီအဖိုင်တွေကို ပြစ်မှုအမျိုးအစားအလိုက် ခွဲတော့မလို့ပဲ ခင်ဗျားက လုပ်ပေးချင်တယ်ဆိုမှတော့ ခင်ဗျားနဲ့ပဲ ထားခဲ့လိုက်တော့မယ်။ ကျွန်တော့မှာ အခြားအရေးကြီးတာတွေ လုပ်ဖို့ ကျန်သေးတယ်”
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023