Chapter 100 အခန်း ၁၀၀ စတူဒီယိုမှ အထိတ်တလန့် (၁၀)
နယူးယော့မှာ မှောင်နေပေမယ့် အလင်းရောင်တွေကတော့ ထိန်လင်းနေဆဲပင်။
လုယွင်ယွမ်က အခန်းတစ်ခုထဲမှာ တစ်ယောက်တည်း ထိုင်နေရင်း သူ့ရှေ့က စားပွဲပေါ်က တူနာဆင်းဒဝှစ်ကို စိုက်ကြည့်နေသည်။ ပြီးတော့ သူ့ဖုန်းကို ကောက်ကိုင်က ပထမဆုံးနေရာ ထားထားသည့် နာမည်ကို ကြည့်လိုက်ပြီးတော့ အကြည့်က ဆန်းဒဝှစ်ဆီ ပြန်ရောက်သွားသည်။ ဖုန်းပြန်ကြည့် ဆန်းဒဝှစ်ပြန်ကြည့်နှင့် ခဏလောက်တော့ သံသရာ လည်နေသေးသည်။
ကွမ်ကျင်ရယ် ဟေးရှောင်ရယ် တိုနီရယ် ပြီးတော့ ဒီအပြစ်မဲ့တဲ့ ဆန်းဒဝှစ်လေးရယ် ကြားထဲမှာ ဘယ်လို ရှုပ်ထွေးပွေလီတဲ့ ဆက်နွယ်ချက်တွေတောင် ရှိနေတာလဲ? လုယွင်ယွမ်က အရမ်းထက်မြက်ပြီး ဥာဏ်ရည်မြင့်လှပေမယ့် ဒီမေးခွန်းမှာတော့ တစ်လို့ နေသည်။ အကြောင်းအကျိုးက လယ်ပြင်မှာ ဆင်သွားသလို အရမ်းရှင်းလင်းနေပေမယ့် သူ့မှာ အလွန်အရေးသည့် အချက်လေးတစ်ခုကို လွတ်နေတာမို့ ဆက်နွယ်ချက်လေးတစ်ခုကို ဆွဲဖို့တောင် မဆွဲနိုင်ဖြစ်နေသည်။ သူဘာကို လွတ်နေတာလဲ? ဒါမှမဟုတ် တစ်နေရာရာမှာပဲ မှားနေတာလား?
ကွမ်ကျင် အခုချိန် ဘာတွေများ လုပ်နေမလဲလဲ လုယွင်ယွမ်သိချင်သွားသည်။ အဆုံးမှာတော့ ဖုန်းခေါ်သည့် ခလုတ်ကို မနှိပ်ပဲ မနေနိုင်ပေ။
သို့သော်လည်း သူတောင် မနှိပ်ရသေးခင်မှာပင် သူ့ဖုန်းက သူ့ဘာသာသူ ထမြည်လာသည်။ ပြီးတော့ “ချစ်ဇနီး” ဆိုတာက ဖုန်းစခရင်မှာ ပေါ်လာသည်။ လုယွင်ယွမ်က တစ်စက္ကန့်တောင် မဆိုင်းပဲ ချက်ချင်းကို ကောက်ကိုင်ပလိုက်တော့သည်။
“ချစ်လေး”
ကွမ်ကျင် တွန့်သွားပုံရကာ ဘာမှ မပြောသေးပဲ ခဏတောင် အသံမထွက်ပဲ ငြိမ်နေသေးသည်။ “ကိုင်တာ မြန်လိုက်တာ”
“ကိုယ်က ဖုန်းကို တစ်ချိန်လုံး ကိုင်ပြီး မင်းဖုန်းခေါ်တာနဲ့ စာပို့မှာလေးကို မျှော်နေတာကိုး”
“တော်ပါဗျာ။ ခင်ဗျားက ပစိဖိတ်သမုဒ္ဒရာရဲ့ ဟိုဖက်အခြမ်းမှာရောက်နေတာ ဒီမှာ နေ့ခင်းလက်ဖက်ရည်လေး အန်ထွက်အောင် လာမလုပ်နဲ့။” ကွမ်ကျင်က မစာမနာ ပြောချပြီးမှ “ခင်ဗျား ဖုန်းပြောဖို့ အချိန်ရမလား”
![](https://img.wattpad.com/cover/283760726-288-k63832.jpg)
ŞİMDİ OKUDUĞUN
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
AksiyonAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023