Chapter 12 အခန်း ၁၂ ပွဲဦးထွက် ၁၀
ကွမ်ကျင်တစ်ယောက် အိပ်ယာပေါ်လှဲနေရင်း ဖြစ်နိုင်ချေရှိတာတွေကို စဉ်းစားနေသည်။ သူ ထပ်ပြီး မစောင့်ချင်တော့ပေ။ ဒါက သူ့ဘဝ မဟုတ်ဘူးလေ၊ သောက်ကျိုးနဲ မရင်းနှီးတဲ့ ခံစားချက်ကြီးက သူ့ကို တစ်ကိုယ်လုံး သက်တောင့်သက်သာမရှိအောင် လုပ်နေတယ်လေ။ အဲဒိတော့ ထိုးနှစ်ချဖို့ပဲ ဆုံးဖြတ်ဖို့ တတ်နိုင်တယ်။
မင်ယန်မှာ ဖျော်ဖြေရေးလုပ်ငန်းက အကောင်ကြီးကြီးဆိုတော့ သူပိုင်ဆိုင်သည့် ဥစ္စာဓနတွေဆိုတာ တစ်နိုင်ငံလုံးတွင် ရှိကာ S မြို့က အာဏာရှိလူတွေ အများကြီးကို အလွယ်တကူ ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ဒီလိုမျိုးလူက ဒီလို ရောထွေးနေသည့် အသိုင်းအဝိုင်းမှာ ကျင်လည်သည် ဆိုကတည်းက သူ့လက်တွေ သန့်ရှင်းသည် ဆိုတာကို တစ္ဆေသရဲတောင် ယုံမှာ မဟုတ်ပေ။ ကွမ်ကျင်က ဒီအခွင့်အရေးကို အရယူပြီးတော့ တိတ်တိတ်လေး စပိုင်လုပ်နေသည်။ ဖြစ်နိုင်မယ် ဆိုရင် မင်ယန့်အကူအညီကို ယူတာက လုံးဝကို ပြီးပြည့်စုံသွားနိုင်သည်။
မင်ယန်က ဒီလိုလူမျိုး မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးလဲ ကွမ်ကျင်မှာ ရှိနေသေးသည်။ တစ်ချိန်လုံး မင်ယန် သူ့ကို ဘယ်လိုတွေ ထေ့တေ့တေ့ လုပ်နေသလဲ ဆိုတာကို တွေးမိရင် ကြက်သီးတွေ ထပြီး သူ့မျက်နှာပေါ် တက်တောင်နင်းချင်းနေတာ။
ကွမ်ကျင် က ခါးသီးစွာနှင့် ထကာ ရေချိုးခန်းကို ထသွားသည်။ မှန်ပေါ်က မျက်နှာက အတင့်တယ်ဆုံးလို့ မှတ်ယူလို့ ရပေမယ့် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ ဒီမျက်နှာနှင့် ဒီကိုယ်လုံးက ဘယ်သူ့ကိုမှ မညို့ယူ မဖမ်းစားနိုင်ဘူးလေ ဟုတ်တယ်မလား? သူ့ဘာသာသူ လွန်ဆွဲနေတုန်းမှာပဲ နောက်ထပ်မျက်နှာတစ်ခုက အမှတ်မထင် ပေါ်လာသည်။ ဘာမှန်းမသိသည့်အပြုံး၊ အထက်စီးဆန်သည့် လေသံနဲ့ ကွမ်ကျင့်မျက်နှာ နားကပ်နေသည့် အသက်ရှူငွေ့နွေးနွေးကြီး…. သေစမ်း ငါတို့ နှစ်ယောက်လုံးတော့ ရူးနေပြီ။
ကွမ်ကျင် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီး ကွန်ပျူတာရှေ့ ထိုင်လိုက်သည်။ နက်မှောင်ထဲမှာ ငြိမ်ပြီး သူ့အချိန်တွေ ထဲမှာ နစ်မြောနေပြီးမှ ဟေးရှောင် အစစ်ကို တစ်ယောက်ယောက်က တိတ်တဆိတ် သတ်လိုက်တာကို စဉ်းစားနေသည်။ သူ့ကွန်ပျူတာကို ဖွင့်ပြီး သူအချိန်တွေ အကြာကြီး မဝင်ဖြစ်သည့် ဝက်ဆိုက် တစ်ခုကို ဖွင့်လိုက်သည်။
BẠN ĐANG ĐỌC
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
Hành độngAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023