Chapter 32 အခန်း ၃၂ နတ်မိမယ်လေးများ သေဆုံးခြင်း ၁၂
မနက်မှတော့ ကွမ်ကျင့် အကြည့်တွေက ဝမ်ကျင်းဟန်၏ ခါးနားမှာပဲ ရှာဖွေရေးဆင်းနေတော့သည်။
ဝမ်ကျင်းဟန်က ဖြည်းဖြည်းလေး လှည့်လာပြီး ပြုံးစစနှင့် “ကွမ်ကျင်၊ ဘာလဲ၊ မင်းရဲ့ ချစ်စရာကောင်း အဖိုးတန်လည်းတန်တဲ့ ခေါင်းဆောင်က မင်းကြည်ညိုရတာ တန်တယ်လို့ ရုတ်တရတ်ကြီး သဘောပေါက်သွားတာလား”
ကွမ်ကျင်က သူ့ရဲ့ အတင်းပြောချင်စိတ်ကို ဘယ်လိုမှ ဖိသိပ်ထားလို့ မရ ဘာမှ မဖြစ်သလိုလဲ မနေနိုင်ပေ။ “မနေ့ကညက လုယွင်ယွမ် ဘော့စ်ကို အခြေအနေတွေ လှမ်းပြောတုန်းက ဘောစ့်ဘက်ကနေ အရမ်းထူးခြားတဲ့ အသံတွေ ကြားလိုက်ရလို့”
ရုံးခန်းကြီးက ချက်ချင်းကြီး တိတ်ကျသွားကာ လူတိုင်း၏ ရေဒါအကြည့်များ ချက်ချင်း လင်းခနဲ ဖြစ်သွားသည်: အဟာ့.. သတင်းထူးပြီးဟေ့။
ဝမ်ကျင်းဟန်က မျက်ခုံးလေး မဆိုသလောက် မြင့်တက်သွားကာ ဖုန်းကို ထုတ်ကြည့်လိုက်သည်။ သေချာတာပေါ့၊ အဲဒိမှာ Missed call တစ်ခု ရှိနေသည်။ မနေ့ကညက သူတို့ရဲ့ ညသန်းခေါင်းမှာ အိပ်ယာ ဝင်ရမယ့် ဆိုတဲ့ စည်းကမ်းကို ဖောက်ဖြတ်မိလို့ ဟိုရိုင်းဆိုင်းလှတဲ့ မကောင်းဆိုးဝါးရဲ့ အပြစ်ပေးခြင်း ခံလိုက်ရတယ်လေ။ ရပါတယ်လေ… သူတို့က အချင်းချင်း ပြန်အပြစ်ပေးကြတာပဲ ဆိုတော့ကာ၊ အဲဒိတော့ သူက ဖုန်းဖြေဖို့ လုံးလုံးကို မေ့သွားတာ။ ဘာ.. ကိုးနာရီ သုံးဆယ်?
“အဲဒိအသံက ဘော့စ် ဆီကလား” ဟိုအရင်နေ့ရက်တွေကို ပြောရမယ် ဆိုရင် ကွမ်ကျင်က အရမ်းဂျီးများတတ်သူ မဟုတ်ပေ။ ဒီတော့ သူမြင်လိုက်ရတဲ့ အထဲက ပထမဆုံး ကြည့်ကောင်းတဲ့သူကို နည်းနည်းတော့ သဘောကျသွားတာပင်။ ဝမ်ကျင်းဟန်နဲ့ တွဲသူက အနုတ်စုတ် ဂုတ်စုတ် မဟုတ်မှန်း သူသိပေမယ့် ဝမ်ကျင်းဟန် အသံထွက်အောင် အလုပ်ခံရတဲ့ အပေါ်တော့ ဝမ်းနည်းချင်သေးသည်။
ဝမ်ကျင်းဟန်က မျက်လုံးလေး မှေးပြီးတော့ “မင်း မနေ့က ခြောက်နာရီက အလုပ်ဆင်းသွားတာပါ ပြီးတော့ အိမ်ပြန်သွားတာလေ ဟုတ်တယ်မလား”
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023