Chapter 47 & 48 အခန်း ၄၇ ကျောင်းတွင်းသံသယ ၉
“ဘာလို့ ရဲစခန်း လာခိုင်းတာလဲ” လီချောင်းက စိတ်လှုပ်ရှားတာရယ် မကျေနပ်တာရယ်ပေါင်းပြီး ကူရှန်း နောက်ကနေ ကြားနာခန်းထဲ လိုက်သွားသည်။
ကူရှန်းကတော့ ပြုံးကာ ရှင်းပြလေသည်။ “ဒါက အစ်ကိုတို့တွေ သဲလွန်စလေးတွေ ရဖို့ ညီလေးတို့ အကူအညီလိုတာနဲ့ ကျောင်းမှာ မေးရအောင်ရလဲ မဆင်မပြေဘူး။ ညီတို့တွေအတွက် မကောင်းတဲ့ သက်ရောက်မှုလေးတွေ ဖြစ်မှာလဲ မလိုလားလို့ပါ ”
“ဒီဘက်နော်” ကူရှန်းက တံခါးဝဆီ လျှောက်သွားကာ သူ့ကို အထဲဝင်စေသည်။
လီချောင်းက တံခါးကို တွန်းဖွင့်လိုက်ပေမယ့် အထဲမဝင်ရသေးခင် သရဲမြင်လိုက်ရလို တောင့်တင်းသွားသည်။ အခန်းထဲတွင် ထိုင်နေနှင့်သော လူငါးယောက် ရှိကာ သူတို့ထဲမှ တစ်ယောက်ကလွဲလျှင် ကျန်သူများမှာ သူ ဘယ်တော့ ထပ်မတွေ့ချင်လှသော အိမ်မက်ဆိုး ထဲမှ လူများ ဖြစ်နေသည်။
“အားလုံးလဲ ရောက်ပြီ ဆိုတော့ စလိုက်ရအောင်” ချန်ချောင်ယွီက အထဲကို ဝင်လာပြီး သူတို့မျက်နှာချင်းဆိုင်က ဆိုဖာတွင် ကူရှန်းနှင့် အတူ ဝင်ထိုင်ကာ သူ့ရှေ့က လူငယ်ခြောက်ယောက်ကို အထက်အောက် သေချာကြည့်လိုက်သည်။
သူတို့အမူအယာတွေက အကြည့်တွေကို ချုပ်တည်းထားကြသည်။ ကျင်ရှောင် တစ်ယောက်တည်းကသာ သိချင်စိတ်အပြည့်နှင့် အခြားသူတွေကို အရိပ်အခြေကြည့်နေသေးသည်။ သူကပဲ ပထမဆုံး စကားစပြောသူလဲ ဖြစ်သည်။ “အရာရှိတို့က ဒီပုံစံက အဖွဲ့လိုက်အင်တာဗျူးနေသလိုပဲနော်။ ဘာအကြောင်းအရာကို မေးမလို့ လဲ ဆိုတာ ကျွန်တော် သိချင်သွားပြီ? လူသတ်သမားတွေလား မီးရှို့တဲ့ သူတွေ အကြောင်းလား”
ချန်ချောင်ယွီကတော့ သူ့ရဲ့ တလေးတစား ရှိလှသည့် လေသံကို ကျေနပ်နေသည်။ “စိတ်မပူပါနဲ့။ မင်းတို့အားလုံးက သံသယဝင်တဲ့ထားသူတွေ မဟုတ်ဘူး။ အားလုံးကူညီမှ ရမယ့် မေးခွန်းလေးတွေ ရှိရုံလေးတင်။ အဲဒါတွေက ဒီအမှု ဖြေရှင်းဖို့ အကူအညီပေးမှာ။ အခုတလော မင်းတို့ ကျောင်းမှာ မတော်တဆ သေတာတွေ အများကြီး ဖြစ်နေတယ်။ မင်းတို့လဲ ကြားကြတယ်မလား?”
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023