Chapter 70 အခန်း ၇၀ ရေပြင်ကို ဖြတ်လို့ သဘောင်္ခရီး ၎
“ဒီလို မေးခွန်းကြီးကို ဒီလို ရုပ်တည်ကြီးနဲ့ မေးမနေစမ်းပါနဲ့ကွာ နော်” ဝမ်ကျင်းဟန်က ပါးစပ်ကို လက်သုတ်ပဝါလေးနှင့် အသာသုတ်လိုက်သည်။
“ဒါဆို ငါက အဲလိုမေးခွန်းမျိုးကို ပြုံးဖြီးပြီးတော့ မေးရမှာလား” ဟု လုယွင်ယွမ်က ပြန်ပြောလိုက်သည်။
ဝမ်ကျင်းဟန်တော့ ဘာပြန်ပြောရမလဲ မသိတော့ပေ။
ဝမ်ကျင်းဟန် တစ်ခေါက် ချောင်ပိတ်အမေးခံရကာ ပြန်မပက်နိုင်တာကို ကြည့်ပြီး ကွမ်ကျင့်စိတ်က နည်းနည်းပြန်ကြည်လာသည်။
“သူ့မှာ အဲလို ခပ်ကြောင်ကြောင် ဝါသနာ ရှိတာ ငါဘယ်လိုလုပ် သိမှာလဲ” ဝမ်ကျင်းဟန်က ကင်းမွန်ဆက်စားနေသည်။
“သူက မင်းလူမဟုတ်ဘူးလား” လုယွင်ယွမ်က ကွေ့ပတ်မေးမနေတော့ပေ။
ဝမ်ကျင်းဟန်က သက်ပြင်းချကာ “သူက ငါ့လူပဲ ဖြစ်တာလေ။ သူ့စိတ်ကိုငါ ဖတ်နိုင်တာမှ မဟုတ်တာကွ… မင်း ဒီလောက် သိချင်နေလဲ ဘာလို့ သူ့ကို တန်းသွားမမေးလဲ။ မင်းကို သူ့ရဲ့ ညသန်းခေါင် သွေးစုတ်ကပွဲ တက်ဖို့ ဖိတ်ချင် ဖိတ်မှာပေါ့ကွ” မျက်စ ပစ်ပြကာ စားဖို့ ဆက်ရှာနေတော့သည်။
ကွမ်ကျင်က အဲဒါကို ကြားတော့ နည်းနည်းတော့ စိတ်ပျက်သွားသည်။ ဘာပဲ ပြောပြော ဒီလူကို ဟိုးအစတုန်းက ကြည့်ကောင်းတယ်လို့ သူမြင်တာလေ။ အခုကျတော့ သူက အခြားသူရဲ့ဟာ ဖြစ်နေပြီဆိုတာကို အတည်တောင် ပြုသွားပြီးပြီ။ ဒါပေမယ့် အဲဒိပုဂ္ဂိုလ်ကတော့ သူရှာနေတဲ့သူ မဟုတ်လောက်ပါဘူးနော် ဟုတ်တယ်မလား။ ကွမ်ကျင်တစ်ယောက် သူ့စိတ်ထဲတွင် တွန်းတွန်းတိုက်တိုက် ပဋိပက္ခတွေ ဖြစ်နေတာ စတင် သတိထားမိသည်။ သူများတွေရဲ့ အမှားတွေကြောင့်မို့ ဝမ်ကျင်းဟန် ထိခိုက်သွားမလား မထိခိုက်ပဲ နေနိုင်မလားဆိုတာ သူဂရုစိုက်ပါသည်။ ပြီးတော့ တစ်ကယ့်အချိန်သာ ရောက်လာရင်ကော လုယွင်ယွမ် ဘယ်ဘက်မှာ ရပ်တည်မလဲ ဆိုတာ သူသိချင်ပါသည်။
ကွမ်ကျင် ခေါင်းကို ခပ်ကြမ်းကြမ်း ခါပြီး အတွေးတွေ ဖယ်ထုတ်ပလိုက်သည်။ ကြေးစားလူသတ်သမားဆိုတာ ခံစားချက်တွေကို ရှောင်ရှားရတယ်လေ။ သဘောကျတာပဲ ဖြစ်ဖြစ် မိတ်ဆွေအပေါင်းအသင်းပဲ ဖြစ်ဖြစ် အချစ်ပဲ ဖြစ်ဖြစ် ရှောင်ရမှာပဲ။ သူတို့တွေသာ ဒီအရာတွေ ခံစားမိလျှင် ခံစားနေရတာတွေကို ရပ်တန့်ရလိမ့်မည် မဟုတ်ပါက သူတို့၏ တစ်ခုတည်းသော ရလာဒ်က သေခြင်းပင်။ သူကလဲ သူ့ကိုယ်သူတော့ ဒီလို ကျဉ်းထဲကြပ်ပဲ မရောက်ချင်။ သို့သော်လည်း ဘာသက်သေမျှ မရှိလျှင်တော့ အခြေအနေက အဆိုးကြီးတော့ မဖြစ်နိုင်လောက်ပေ။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023