အခန်း ၇၂ ပင်လယ်ပြင်မှ ရေလမ်းခရီး ၆

2.8K 567 14
                                    

Chapter 72 အခန်း ၇၂ ရေပြင်ကို ဖြတ်လို့ သဘောင်္ခရီး ၆

 နှစ်ယောက်စလုံး ပြောလက်စ စကားကို ရပ်လိုက်ရကာ တံခါးဖွင့်ပြီး အပြင်ပြေးထွက်ခဲ့ရသည်။

သူတို့အခန်းဘက်မှာပဲ ရှိသော လုယွင်ချီလဲ တံခါးဖွင့်ကာ အပြင်ထွက်လာသည်။

“ဘယ်သူ အော်လိုက်တာလဲ အစောက” လုယွင်ယွမ်က မေးလိုက်သည်။

“ဘယ်ဘက်အခြမ်းက လာတာပဲ” ဟု လုယွင်ချီက လက်ညိုးထိုးပြသည်။

စင်္ကြန်ကို ဖြတ်လျှောက်အပြီးမှာတော့ ဘယ်ဘက်အခြမ်းမှ ဧည့်ခန်းဧရိယာကို ရောက်သွားသည်။

အရှေ့ကို စွယ်ထွက်ထားသည့် ဝရံတာလေးတွင်တော့ ကျန်းလင်းချွင် က တုန်ရီနေကာ ဝမ်ယုတုန်၏ ပခုံးကို မှီထားသည်။

ဖန်မို၊ ထန်ချင်လင်း နှင့် တုန်ချုံ တို့က အနားတွင် မတ်တပ်ရပ်နေကာ အမူအယာတွေကလဲ မည်းသည်းနေသည်။

“ဘာဖြစ်တာလဲ” ဝမ်ကျင်းဟန်လဲ တတိယထပ်မှ အောက်ကို ဆင်းလာလေသည်။

ဝမ်ယုတုန် က သတ္တုအုပ်ဆောင်းအောက်မှ ညစာပန်းကန်ကို လက်ညိုးထိုးပြသည်။

“ဝိတ်တာကို အချိုပွဲယူလာဖို့ ပြောလိုက်တာ။ လင်းချွမ်လဲ ဖွင့်လိုက်ရော …” သူက ဆက်မပြောတော့ပေ။

ဝမ်ကျင်းဟန်က အဲဒိကို လျှောက်သွားကာ အဖုံးလေးကို ဖွင့်လိုက်တော့ မျက်မှောင်မကြုပ်သွားပဲတောင် မနေတော့ချေ။

ပန်းကန်ပေါ်တွင် အချိုပွဲအစား ဆံပင်ရှည်ရှည် မည်းမည်းသည်းသည်း တထွေးလိုက်ကြီး ရှိနေသည်။ စိုစွတ်နေကာ အမှိုက်တွေရော သစ်ရွက်တွေပါ ရှိနေသည်။

“အီး… ရွံစရာကြီး။ ဘယ်သူကများ ဒီအော်ဂလီဆန်စရာကြီး လုပ်ထားတာလဲ” ချင်ဆယ် က တစ်ဖက်ကို ချက်ချင်းလှည့်ကာ ဒီလို မြင်မကောင်းတာကြီး ထပ်ကြည့်ချင်စိတ် မရှိတော့ပေ။

“ဒါ ဆံပင်အစစ်တွေလား” ဟု ကွမ်ကျင်က မေးလိုက်သည်။

ဝမ်ကျင်းဟန်က သူ့အိတ်ကပ်ထဲမှာ တစ်ခါသုံးလက်အိတ်တစ်စုံ ဆွဲထုတ်ပြီးတော့ ဆံပင် နည်းနည်းဆွဲထုတ်ကာ သေချာ အနီးကပ် ကြည့်ကြည့်သည်။ “အစစ်ပဲ။ ဒါပေမယ့် လူတစ်ယောက် ဆီကတော့ မဟုတ်လောက်ဖူး”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now