Chapter 20 အခန်း ၂၀ အမှုမရှိသောအချိန် ၁
မည်သည့်အမှုကြီးမှ မရှိကတည်းက အထူးအမှုတွဲဌာနမှာ အလွန်ပျင်းဖို့ ကောင်းလှသည်။ zzzz zzzz….
ဝမ်ကျင်းဟန်က ရဲချုပ်အခန်းထဲက ထွက်လာပြီး အခန်းတံခါးလဲ ဖွင့်လိုက်ရော အခန်းထဲက လူအားလုံးမှာ တိုက်ပွဲကျကာ .... အိပ်ပျော်နေကြသည်။ အခုမှ မနက် ဆယ်နာရီပဲ ရှိသေးတာလေ..
ကလောင် ကလောင် ကလောင် ကျန်းဖေးက အရင်ဆုံး နိုးလာပြီးတော့ သွားရည်တွေ သုတ်ပြီး ဟိုကြည့်ဒီကြည့် ကြည့်လိုက်သေးသည်။ “ဘာဖြစ်တာလဲ မိုးခြိမ်းတာလား”
လင်းပိုင်က သူ့ထိုင်နေသည့် ခုံပေါ်ကနေ လှိမ့်ချပြီး သူ့ရင်ကို အထိတ်တလန့်နှင့် ဖုံးလိုက်သည်။ လူတိုင်းလဲ နိုးလာကာ အသံလာရာကို ကြည့်ကြတော့သည်။
ဝမ်ကျင်းဟန်က မနှစ်က အမှုကြီး တစ်ခု ဖြေရှင်းခဲ့သဖြင့် မြို့တော်ဆုပေးပွဲကနေ လက်ခံရရှိထားသည့် ပထမဆုတံဆိပ်ကြီးကို မြှောက်ကာ သူ၏ အခြားလက်တစ်ဖက်ကတော့ စတီးဇွန်းတစ်ဇွန်းကို သုံးကာ တစ်တောင်တောင် ခေါက်နေတာ ဖြစ်သည်။
“နေ့လည်စာ စားချိန် ရောက်ပြီလား” ကွမ်ကျင်က သူ့နာရီကို ကို မှုန်ဝါးဝါးမျက်လုံးများနှင့် ကြည့်လိုက်သည်။ “အစောကြီး ရှိသေးတယ် အခုမှ ဆယ်နာရီပဲ ရှိသေးတာကို”
“အွန့်.. ဆယ်နာရီပဲ ရှိသေးတာတော့ သိသေးတယ်ပေါ့။ မင်းတို့ကောင်တွေ ဒီလို အိပ်နေပုံနဲ့ မသိဘူးတောင် ထင်ရတယ်” ဝမ်ကျင်းဟန်က တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်သည်။
လူတိုင်းက တုန်တက်သွားပြီး အခုမှပဲ လုံးလုံး နိုးလာကြတော့သည်။
“ငါတို့အဖွဲ့ နောက်ပိုင်း နှေးကွေးနေတာကို ကြည့်ရင် လူတိုင်းကတော့ စိတ်အခြေအနေတွေ ထိန်းညှိပေးဖို့ လိုနေပြီ။ လေ့ကျင့်ခန်းအသစ် တစ်ခုလိုနေတယ်လို့ အဆိုပြုရမယ်”
“အဖွဲ့လိုက် လေ့ကျင့်ခန်း.. သတင်းတွေမှာ သူတို့တွေ ပြသလို လူထုနဲ့ နီးစပ်မှု ရှိအောင်တို့ဈ ကွင်းဆင်းအလုပ်တို့ လိုမျိုးလား” ကွမ်ကျင်က လင်းပိုင်ကို အသံတိုးတိုး မေးလိုက်သည်။
BẠN ĐANG ĐỌC
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
Hành độngAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023