Chapter 65 အခန်း ၆၅ ညဥ့်ဇီးကွက် ၅
ကွမ်ကျင် လန်းလန်းဆန်းဆန်း အိပ်ယာမှ နိုးချိန်တွင် သူ့ကို အိမ်အပြန် ကားမောင်းပို့ပေးသူ လုယွင်ယွမ်က မီးဖိုချောင်ထဲတွင် ရှိနေဆဲ ဖြစ်ပြီး ကျေကျေနပ်နပ်ကြီး မနက်စာ ပြင်ဆင်နေသည်။
“ခင်ဗျားက ဘယ်လိုလုပ် ရှိနေသေးတာလဲ”
“ကိုယ်လဲ ဒီနေ့ စခန်းသွားမလို့ပဲလေ။ မင်းရဲ့ နေရာက ပိုလဲနီးတယ် ပြီးတော့ မင်းကိုလဲ တစ်ခါတည်း ခေါ်သွားလို့ ရတယ်။ မနက်စာ လုပ်ပြီး အတူတူလဲ စားလို့ ရလို့လေ” လုယွင်ယွမ်က သူ့ရဲ့ အကြောင်းပြချက် ပေါင်းစုံကို တန်းစီ ရွတ်ပြလိုက်သည်။
ကွမ်ကျင်က မျက်မှောင်ကြီး ကြုပ်ကာ ခဏလောက် စဉ်းစားကြည့်တော့ သူ့အတွက်က ကောင်းကျိုးပိုများနေတာမို့ စကားများ မနေတော့ချေ။
မနက်စာ ဖြည့်အပြီး ကွမ်ကျင်က အဝတ်အစားလဲကာ သူ့ကိုယ်ပိုင်ယာဉ်မောင်း က သူ့ကို ကားမောင်းပို့ ဖို့ကို စောင့်နေသည်။
လုယွင်ယွမ်က တံခါးဆီသို့ လျှောက်သွားနေပြီးမှ ရုတ်တရတ် နောက်ကို ပြန်လှည့်ကာ ကွမ်ကျင့် နားကို ကပ်လာပြီးတော့ “ကိုယ်က မင်းကို စိတ်ရင်းနဲ့ လုပ်ပေးကိုင်ပေးမှတော့ ကိုယ်ကို တောင်းဆိုချက် သေးသေးလေး လုပ်ပေးလို့ ရမလား”
“ဘာလဲ”ကွမ်ကျင်က သူ့ကို သတိလေးကပ်ကာ ကြည့်လိုက်သည်။
“ကိုယ်တို့ အပြင်ထွက်ရင်လုပ်တဲ့ လောကဝတ် ယဉ်ကျေးမှုလေး တစ်ခု လုပ်ချင်လို့”
အပြင်ထွက်ရင် ဘယ်လိုအပြုအမူအလေ့အထကို လုပ်လေ့ရှိသလဲ ဆိုတာ ကွမ်ကျင် အသဲအသန် စဉ်းစားနေတုန်းမှာပဲ လုယွင်ယွမ်၏ နှုတ်ခမ်းများက ကွမ်ကျင့် ပါးစပ်ဖျားလေးကို အသာပွတ်သပ်သွားနှင့် ပြီးပြီ။
“လောကဝတ်ကို ထိန်းသိမ်းတယ်ဆိုတာ ကိုယ်တို့ရဲ့ အစဉ်အလာကောင်းပဲလေ” လုယွင်ယွမ်က ပြုံးဖြီးနေကာ မျက်လုံးများက တလက်လက် တောက်နေတော့သည်။
“ဒါ ဘယ်လိုယဉ်ကျေးမှုကြီးလဲ? ခင်ဗျားက ပြင်သစ်လဲ မဟုတ်ပဲနဲ့” ကွမ်ကျင်က သူ့နှုတ်ခမ်းစွန်းကို သုတ်ကာ သူ့ကို ဝင်းဝင်းတောက်နေသည့် မျက်လုံးများနှင့် ကြည့်လိုက်သည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023