Chapter 82 အခန်း ၈၂ ထိတ်ထိတ်လန့်လန့် အပျော်ခရီး ၁၆
ကွမ်ကျင် လေးလွှာမှ ရေကူးကန်ဘေးတွင် ထိုင်ကာ ရေတွေကိုပဲ စူးစိုက်ကြည့်ရင်း အစောလေးက ရှင်းလင်းပွဲက အကြောင်းတွေကို ပြန်စဉ်းစားလို့နေသည်။ ရေပြင်မှာတော့ ညနေနေဝင်ဆည်းဆာ အရောင်များ ထင်ဟပ်ကာ သူ့စိတ်ထဲမှ သဲလွန်စ အပိုင်းအစလေးများလို ပေါ်လာလိုက် ငုပ်သွားလိုက်နှင့် ဖြစ်နေသည်။
“ဒီမှာလာ ပုန်းပြီး အတွေးများနေတာကိုး။ တရားထိုင်လိုက်တော့ကော စိတ်ထဲဘာတွေ အသစ်တွေ တွေးမိလို့လဲ”
ကွမ်ကျင် သူ့ရှေ့က လူကို မော့ကြည့်လိုက်သည်။
နေဝင်တိမ်တောင်ချိန်၏ အလင်းများက လုယွင်ယွင်ကို ရွှေခြည်တွေ လွှမ်းခြုံကာနေသလို သူ့ကိုယ်ကနေ နွေးထွေးမှုနှင့် နူးညံ့ညင်သာမှုများ ဖြာထွက်လို့ နေသည်။ တိတိပပ ပြောရလျှင် လုယွင်ယွမ်၏ ကိုယ်လုံးကိုယ်ထည်က အရပ်ရှည်ရှည်နှင့် ဖြောင့်မတ်လှကာ သူ့မျက်နှာ သွင်ပြင်ကလဲ ထူးထူးခြားခြားလေး ရှိပြီး နူးညံ့သိမ်မွေ့သော အရှိန်အဝါ ရှိသည်။ အမျိုးသားများကိုပဲ သဘောကျသော အမျိုးသားအတွက်ပဲ ဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်အတွက်ပဲ ဖြစ်ဖြစ် တော်တော်လေး ဆွဲဆောင်မှုရှိသည်။ ကွမ်ကျင့် အကြိုက်မဟုတ်တာတောင်မှ ဒီလူက မျက်စိပသာဒရှိကြောင်းတော့ ဝန်ခံရလိမ့်မည်။
“တကယ်တော့ ဒီဘက်ခြမ်းက ကြည့်ရင် ခင်ဗျားရုပ်က တဝက်လောက်တော့ ကြည့်ရမဆိုးပါဘူး” ကွမ်ကျင်က ခြေတစ်ချောင်း ကွေးကာ ဒူးခေါင်းပေါ်တွင် လက်တင်ကာ ကြည့်နေသည်။
လုယွင်ယွမ် မျက်ခုံးတစ်ဖက် မြင့်တက်သွားကာ ထူးဆန်းသလို “ ဒါပေမယ့် ဆိုတာလေး ဘာလေး လာဦးမှာလား”
ကွမ်ကျင်က သိပ်ပျော်သွားပုံ မရပဲ “ဘာလဲ ကျွန်တော့ ချီးကျူးစကားက စိတ်ထဲက မပါလို့လား”
“ကိုယ်က စောင့်ရတာ သိပ်ကြာသွားတော့ ယုံဖို့ နည်းနည်းလေး ခက်သွားလို့ပါကွာ” လုယွင်ယွမ်က ဝမ်းသာအားရနှင့် ကွမ်ကျင့်ဘေး ထိုင်ချကာ သူ့ကို ဖက်ဖို့ ဟန်ပြင်လိုက်သည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023