အခန်း ၂၆ နတ်မိမယ်လေးများ သေဆုံးခြင်း ၆

3.8K 728 17
                                    

Chapter 26 အခန်း ၂၆ နတ်မိမယ်လေးများ သေဆုံးခြင်း ၆

ကျန်းတုန်က သူတို့နှစ်ယောက်ကို ဦးဆောင်ကာ အထွေထွေ ဆေးဘက်ဆိုင်ရာဌာနသို့ ခေါ်သွားပြီး ဆော်သြလိုက်သည်။ “မင်းတို့နှစ်ယောက် တိတ်တိတ်လေးပဲ ကြည့်လို့ရမယ်နော်၊ လူနာတွေကို နှောက်ယှက်တာတို့ ဆရာဝန်တွေရဲ့ အလုပ်တွေ နှောင့်နှေးတာတိုက ဖြစ်လို့ ငါဒေါသထွက်ရန် ငါ့အဆိုးမဆိုနဲ့”

“ရတယ် ရတယ် စိတ်လျော့ထားပါကွ” လုယွင်ယွမ်က သူ့ကို အဝေးကို နှင်လွှတ်ပြီးတော့ လူနာဆောင် အတွင်းကို ကွမ်ကျင်နှင့် အတူဝင်သွားကြသည်။

လူနာဆောင်မှာ အလွန်တိတ်ဆိတ်ကာ သူတို့ ရောက်လာတာက မနက်ပိုင်း စစ်ဆေးပြီး ဆေးပေး ဆေးထိုး ပြုလုပ်ချိန် အလုပ်များချိန် ဖြစ်နေတာမို့ သူနာပြုတွေကလည်း လူနာဆောင် အတွင်းအပြင်မှာ အလုပ်များနေကြသည်။ ကွမ်ကျင် လျှောက်ကြည့်နေတုန်းမှာပဲ သူ့နားက လူနာခန်းတစ်ခု၏ တံခါး ပွင့်သွားသည်။ အစိမ်းရောင် ယူနီဖောင်း နှင့် နှာခေါင်းစည်း ဝတ်ထားသော ခပ်ပြည့်ပြည့် အမျိုးသမီးတစ်ယောက်က ဆေးပုလင်းတွေ၊ သုံးပြီးသား ဇာဂနာ၊ ဆေးထိုးအပ်နှင့် အလားတူ ပစ္စည်းများ ပုံထပ်နေသည့် နှစ်ဆင့်တွန်းလှည်းလေး တွန်းကာ ထွက်လာသည်။

“ခဏ. ခဏလေး စောင့်ပါဦး ခင်ဗျ” ကွမ်ကျင်က သူ(မ)ကို တားလိုက်သည်။

“သူငယ်လေး၊ ဘာလုပ်တာလဲ? ဒီပေါ်က ဟာတွေ ထိလို့ မရဘူးနော်” အမျိုးသမီးက သူ့ လက်လှမ်းရန် ပြင်နေသည်ကို မြင်တော့ အမြန်လေးတားလေသည်။

ကွမ်ကျင်က သူ့ရဲအရာရှိ တံဆိတ်ကို ဆွဲထုတ်ကာ “ကျွန်တော်က စုံစမ်းစစ်ဆေးနေတုန်းမို့ပါ၊ အမကြီးရဲ့ လှည်းလေး ခဏလောက် ယူကြည့်ချင်လို့ပါ၊ သိပ်မကြာပါဘူး လာပြန်ယူလို့ ရပါတယ်”

အမျိုးသမီးက လန့်သွားပုံတော့ ရသည်။ ခေါင်းတဆတ်ဆတ် ငြိမ့်ပြီးတော့ သူနာပြုများ နားနေရာ အခန်းဆီကို ထွက်သွားတော့သည်။

လုယွင်ယွမ်က အဲဒါကို ကြားလို့ လျှောက်လာတော့ ကွမ်ကျင့်က သွေးပြန်ကြောကို ထိုးသွင်းသော သုံးပြီးသား ပြွှန်ချောင်းများကို ကောက်ကိုင်နေတာ တွေ့ရသည်။ “ဒါ က လူသတ်လက်နက်လို့ ထင်လို့လား”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now