အခန်း ၁၂၅ Still Waters and Bitter Cold ၁၈

913 136 2
                                    

အခန်း ၁၂၅ Still Waters and Bitter Cold ၁၈

ထင်ထားသည့် အတိုင်းပင် နောက်တစ်ရက် မှာတော့ မြို့စားကြီး တစ်ယောက် မကြည်မသာနှင့် သူ့အခန်းဝတွင် ပေါ်လာကာ ဘာမှ ကွေ့ဝိုက်မနေပဲ "မင်းသူ့ဆီကနေ ငါနဲ့ ဘယ်လို လှမ်းအဆက်အသွယ်လုပ်မယ်လို့ ဆုံးဖြတ်ထားလဲ"

ဝမ်ကျင်းဟန်ရဲ့ ရင်ထဲ ချဉ်တူးတူးဖြစ်လာပေမယ့် အမူအယာကတော့ နည်းနည်းလေးတောင် ပျက်ယွင်းမသွား။

"အစီအစဉ်က ရှိပြီးသား၊ ခင်ဗျားရဲ့ လူတွေကို နောက်တစ်ကြိမ် ပစ္စည်းပို့တဲ့ အခေါက်ကျရင်သာ အချိန်လေး လဝက်လောက် ကြန့်ကြာသွားအောင် လုပ်ပေးဖို့ လိုတာ။ အချိန်တန်ရင် သူတို့ကို ဧည့်ထောက်ခံပေးမယ့် သူ ပေါ်လာလိမ့်မယ်"

မြို့စားကြီးက မျက်ခုံးပင့်ကာ "ဧည့်ခံပေးမယ့်သူ ဟုတ်လား မင်းကို တော်တော်အထင်သေးမိနေတာပဲ ဒါဆိုရင် မင်း ဒါကို အစီစဉ်ဆွဲနေတာ ကြာလှနေပြီ မလား"

"လာမြှောက်နေပြန်ပြီ။ မင်း ပေါ်လာပြီး ငါ့ကို မခေါ်သွားခင်အထိ ငါ့မှာ အိုးချန်ကို မုန်းစရာ အကြောင်းကို မရှိဘူး " မြို့စားကြီးက သူ့ကို ဘာ သံသယဝင်နေမှန်း သိနေပေမယ့် ဝမ်ကျင်းဟန်ကတော့ ထုံသလို အသလိုပဲ ဟန်ဆောင်ကာ "င့ါမှာ ကျောထောက်နောက်ခံတို့။ အကူတို့ ရှိတာလဲ မဟုတ်ဘူး။ ငါက ဥပဒေကို လေးစားတဲ့ နိုင်ငံသားကောင်းတစ်ယောက် ဆိုတော့ င့ါ လက်စားချေမယ့် နည်းလမ်းက လုံးဝကို ဥပဒေနဲ့ ညီတယ်"

"ဥပဒေနဲ့ ညီတာလား" မြို့စားကြီးက ပိုလို့တောင်မှ လှောင်ချင်လာသည်။

"သူတို့က ရာဇဝတ်သားတွေဆိုတော့ သူတို့ကို ရဲဖမ်းတာက ဥပဒေ အကျဆုံးပေါ့" ဝမ်ကျင်းဟန်ကတော့ သူပြောတာမှ အမှန်ဆိုသည့် ဥပဒေဘက်တော်သား ဟန်အပြည့်ပင်။

မြို့စားကြီးက ခဏလောက် ငြိမ်ပြီး စဉ်းစားပြီးမှ ဖြည်းဖြည်းချင်းစီ "မင်းက တကယ့်ကို အဖြူခံလေးလား အဖြူခံလေးအရောင် ဆောင်ထားတာလားဆိုတာတောင် ငါမသိတော့ဘူး"

ဝမ်ကျင်းဟန်က သူ့ရဲ့ ယုန်သငယ် မျက်လုံးရွဲရွဲကြီးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်သည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedDonde viven las historias. Descúbrelo ahora