အခန်း ၆၉ ပင်လယ်ပြင်မှ ရေလမ်းခရီး ၃

2.7K 521 18
                                    

Chapter 69 အခန်း ၆၉ရေပြင်ကို ဖြတ်လို့ သဘောင်္ခရီး ၃

“လုဒုတိယသခင်လေးလား? တွေ့ရတာ ဝမ်းသာပါတယ်။ မင်းအစ်ကိုကြီးက ပြောပြောနေတာတော့ အမြဲကြားနေရတာ” ဖန်စမ် ကပါ လူအုပ်ထဲက ထွက်လာပြီး လုယွင်ယွမ်နှင့် ဝမ်ယုတုန်တို့ ရှိရာကို ရောက်လာသည်။

အစ်ကိုကြီးကလား? သူ့မိသားစုဝင်တွေအကြောင်း အပြင်သူတွေ ရှေ့မှာ ဘယ်တော့ မှ မပြောတတ်ဘူး။ လုယွင်ယွမ်က ယဉ်ယဉ်ကျေးကျေး ဆက်ပြုံးနေကာ “အတူတူပါပဲ ကျွန်တော်လဲ အစ်ကိုကြီးက မစ္စတာဖန်ကို ချီးကျူးနေတာ အမြဲ နားထောင်နေရတာ ထွက်မလာခင်တောင် အကြံဥာဏ်လေးတွေ တောင်းဖို့ ပြောနေသေးတယ်”

“ဟား ဟား မြှောက်နေတာပါ ” ဖန်စမ်က အားရပါးရကြီး ပြုံးနေပေမယ့် သူ့အပြုံးက မျက်လုံးတွေထဲတော့ မရောက်ပေ။

ကွမ်ကျင်က အထင်သေးကာ ဘေးကို ထိုးကပ်သွားသည်။ သောက်ကျိုးနည်း ဟန်ဆောင်တဲ့ နေရာမှာတော့ ဒီလူတွေက အကုန်ဆရာကြီးတွေ ချည်းပဲ။

“ဒါ ဘယ်သူများလဲလို့” ဖန်စမ်က လုယွင်ယွမ် အနားတွင် မတ်တပ်ရပ်နေသော ကွမ်ကျင်ကို သတိထားမိသည်။

“အို့.. ကွမ်ကျင်ပါ ကျွန်တော့ မိတ်ဆွေပါ” ဟု လုယွင်ယွမ်က သာသာလေးပဲ ပြောချလိုက်သည်။

ဖန်စမ်၏ အကြည့်ကာ လုယွင်ယွမ်ကနေ ကွမ်ကျင့်ဆီ ရောက်သွားပြီးမှ လုယွင်ယွမ်ဆီ ပြန်ရောက်သွားကာ သူကအမူအယာကလည်း ခပ်ရွှင်ရွှင်ဖြစ်သွားသည်။ သူက တစ်ခုခုကို ပြောမလို့ ရှိသေးသည် တံခါးဝက တစ်စုံတစ်ယောက်ကို မျက်လုံးထောင့်စွန်းကနေ မြင်ပြီးနောက်မှာ တန့်သွားသည်။

“ညီလေး မင်၊ နောက်ဆုံးတော့ ထွက်လာပြီပေါ့၊ ရှာရတာ တကယ်ခက်တာပဲ” ဖန်စမ်က ဝိုင်ခွက်ကို ကိုင်ထားရင် အထဲကို ဝင်လာသည့် မင်ယန် ဆီ ရောက်သွားသည်။

“လာ တစ်ခုခု အရင်ဆုံး စားထားလိုက်” လုယွင်ယွမ်က အစားအသောက်တွေ ပြည့်နှင့် ပြီးသား ပန်းကန်တစ်ချက်ကို ကောက်မကာ ကွမ်ကျင့်ကို ကမ်းလိုက်သည်။ “အကုန်လုံးက မင်းအကြိုက်တွေချည်းပဲ”

ကွမ်ကျင်က ယဉ်ကျေးမနေပဲ ယူကာ စတင် စားသောက်တော့သည်။ သဘောင်္က စားဖိုမှူးက ထိပ်တန်းဆိုတာကိုတော့ သူ ဝန်ခံရလိမ့်မည်။ ဒါနှင့်ပဲ ပန်းကန်ထဲက စားစရာအပုံလိုက်က တဖြည်းဖြည်း လျော့ကျသွားသည်။ သို့သော်လည်း သိပ်မကြာခင် တဖြည်းဖြည်း ပုံလာပြန်သည်။ ပြီးတော့ တဖြည်းဖြည်း လျော့သွားပြန်သည်။ ဒါနှင့် ပဲ တစ်ခါပြီး တစ်ခါသံသရာ လည်နေတော့သည်။ အဲသလိုနှင့် တစ်ယောက်က စားပြီး တစ်ယောက်က ဖြည့်ဖြည့်ပေးနေတာနှင့် လုံးဝကို လိုက်ဖက်ညီနေတော့သည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now