အခန်း ၅၃ ကျောင်းတွင်းသံသယ ၁၅

2.9K 587 3
                                    

Chapter 53 အခန်း ၅၃ ကျောင်းတွင်းသံသယ ၁၅

“အွတ်!!!” လင်းပိုင် နှင့် လီချောင်း ဝင်တိုက်မိသည်။

“လမ်းကြည့်လျှောက်ကွ” လီချောင်း ဘောက်ဆတ်ဆတ် ရန်တွေ့လာသည်။

“စော်တီး၊ စော်တီးပါကွာ၊ ငါ လူရှာဖို့ လောနေလို့ပါ” လင်းပိုင်က ကတိုက်ကရိုက် တောင်းပန်လိုက်သည်။

“တော်တော့” လီချောင်းက စူပုတ်ပုတ်နှင့် ထွက်သွားသည်။

လင်းပိုင်က ရှင်းလင်းနေသော အိမ်ဆောင်စင်္ကြန်ထဲမှာ လက်မထောင်ပြကာ သီချင်းလေး ညည်းရင်း ဖြည်းဖြည်းချင်း ထွက်သွားတော့သည်။

XXXXXXX

“မင်းပစ္စည်းတွေက စိတ်ချရရဲ့လား” ကွမ်ကျင်က သူ့ကို ဖြတ်ခနဲ ကြည့်လိုက်သည်။

“ငါ ပေးတဲ့ပစ္စည်းတွေ အားလုံးက ထိပ်တန်းတွေချည်းပဲဆိုတာ ငါအာမခံတယ်။ အဲဒိ အနီစက်လေး ဘယ်သွားတယ် ဆိုတာ ငါတို့ ကြည့်နေရုံပဲ” လင်းပိုင်က စောင့်ကြည့်သည့် ပရိုဂရမ်ကို ဖွင့်လိုက်သည်။ “ဒီမှာ ကြည့်၊ သူ စာကြည့်တိုက်ကို ဦးတည်နေတာ”

တင်တင်က သန်းဝေကာ “နင်တို့တွေ အရင်ကြည့်လိုက်၊ ငါတော့ အိပ်ရေးပျက်ထားလို့ အရင်အိပ်နှင့်မယ်။ ငါ နောက်တစ်ဆိုင်းမှပဲ ဝင်တော့မယ်”

“ရော့၊ တစ်ခုခုသောက်ဦး၊ ဘလက်ကော်ဖီဖျော်လာတယ် ” လုယွင်ယွမ်က သူတို့ဆီကို ကော်ဖီဗန်းလေး ကိုင်ပြီး ရောက်လာသည်။

“အို့..ကိုယ့်အကြိုက်ပဲ။ နို့လေး ထပ်ထည့်ချင်တယ်” တင်တင်က သူ့ဆီသို့ ထိုးဝင်လာသည်။

“နင်ပဲ အိပ်ရေးပျက်ထားတယ်ဆို” ဟု ကွမ်ကျင်က မေးလိုက်သည်။

“အစားကောင်းလေးနဲ့ ခပ်ချောချောကောင်လေးတွေကို မြင်ရတော့ အရမ်းကို လန်းဆန်းသွားအောင် လုပ်သလို ဖြစ်သွားတယ်လေ။”

ကွမ်ကျင်က နူးနူးညံ့ညံ့နှင့် ဘာမှ မခုတ်တတ်သည့် ကြောင်လို ပြုံးသော တစ်ယောက်သောသူကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။

တစ်ညနေလုံးလုံး ထိုင်ကြည့်နေတာတောင်မှ ပစ်မှတ်က လှုပ်ရှားခဲလှသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now