အခန်း ၁၀၁ စတူဒီယိုမှ ထိတ်လန့်ဖွယ် ၁၁

1.9K 387 7
                                    

Chapter 101 အခန်း ၁၀၁ စတူဒီယိုမှ အထိတ်တလန့် (၁၁)

“ဒီကိစ္စပျောက်သွားအောင်လို့ မင်ယန်လုပ်လိမ့်မယ်။ အများကြီး မတွေးနဲ့။ မီဒီယာတွေက ဖြစ်နိုင်ချေ နည်းနည်းလေး ရှိတာတောင်မှ ကိုင်ဆုပ်ရတာ သိပ်ကြိုက်တာ။ ဘာသက်သေမှ မတွေ့ရင် အခြားတစ်ခုကို ပြောင်းသွားလိမ့်မယ်” လုယွင်ရှန်က ယန်ချင့် နဖူးကို နမ်းလိုက်သည်။

ယန်ချင်က ထုံတုံတုံနှင့် ခေါင်းညိမ့်ပြကာ “ပင်ပန်းနေပြီ သွားနားတော့မယ်” မတ်တပ်ထရပ်ကာ အပေါ်ကို တက်တော့မည့်ဟန် ပြင်နေတုန်း ဖုန်းမြည်လာသည်။ ခေါ်လာသူက မော့ဝေမို့ သူ့ရင်ထဲ တစ်မျိုးဖြစ်သွားကာ ဖုန်းကိုင်လိုက်သည်။

“မင်း ဘယ်သူ့ကို သွားစလိုက်တာလဲ။ ဘယ်လိုလုပ် မင်းကိုပဲ လိုက်တိုက်ခိုက်နေရတာလဲ မသိဘူး” မော့ဝေ၏ အသံက နည်းနည်း ဒေါကန်နေပုံရသည်။

“ဘာဖြစ်လို့လဲ”

“အွန်လိုင်းပေါ်တက်လိုက်။ အဲဒိမှာ အဆက်တက်လာတယ်။ ဘယ်သူ့ကို သွားစမိလဲဆိုတာလဲ သေချာ စဉ်းစားကြည့်ဦး။ အဲဒိလူကို ငါတို့ မမိရင် ပိုဆိုးကုန်တော့မယ်”

ယန်ချင်က အဲဒိမှာ တောင့်တောင့်ကြီး မတ်တပ်ရပ်နေမိသည်။ လုယွင်ရှန်က သူ့လက်ပတော့ကို ဖွင့်နှင့်ပြီး ဖြစ်သည်။ ယန်ချင့် သတင်းက သတင်းတွေမှာ ထိပ်ဆုံးကတောင် ရှိလုနီးနီးဖြစ်နေပြီ။ ယန်ချင့်ကို သူ့ဖက်ကို ဆွဲလိုက်ကာ “ဘာတွေဖြစ်ဖြစ် ဘာမှအရေးမကြီးဘူး။ ကိုယ်ပဲ ဖြေရှင်းလိုက်မယ်”

ဝက်ဘဆိုက်ပေါ်မှာက ပုံတွေနှင့် ဆန်းစစ်ချက်တွေက အတွဲလိုက် တင်ထားသည်။ : အဲဒိတစ်ရက် ယန်ချင်က လူကုံထံ ကျင်းပတဲ့ ကော့တေးပါတီပွဲ တက်သေးတယ်။ နောက်တော့ ယန်ချင်က ကျွန်းတစ်ကျွန်းကို အနားသွားယူသေးတယ် ပြီးတော့ အဲဒိ လူကုံထံကြီးကပဲ အဲဒိကျွန်းမှာ အစည်းအဝေးတက်ဖို့ သွားလေရဲ့။ နောက်တော့ ယန်ချင့်မွေးနေ့ပါတီမှာ အင်းကနေထွက်ပြီးတော့ ဟိုတောင်ပေါ်က ဗီလာကို သွားသေးတယ်။ အဲဒိ ဗီလာက ဟိုလူကုံထံပဲ ပိုင်တာနော်… ဓါတ်ပုံ ခုနစ်ပုံ ရှစ်ပုံက ယန်ချင် စပွဲထွက်တာကနေ အခုချိန်အထိ အကြောင်းအရာတွေပါ ထည့်သွင်းပြောထားကာ အကုန်လုံးက ယုတ္တိတန်လှသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now