Chapter 46 အပိုင်း ၄၆ ကျောင်းတွင်းသံသယ ၈
“ကျန်းဖေးနဲ့ ကျန်တဲ့သူတွေ ဘာလို့ မလာတာမသိဘူး” တင်တင်က ဝမ်ကျင်းဟန်ကို ပြောလိုက်သည်။
“အနောက်ပိုင်းခရိုင်ဘက်မှာ ကိစ္စလေး နည်းနည်းပေါ်လာတယ်။ ဗျူဟာက အကူတောင်းလို့ ကျန်းဖေးရယ် ချောင်ယွီရယ် ကူရှန်းရယ်က အဲဒိဘက်ကို အာရုံစိုက်နေတယ်”
လုံခြုံမှုစစ်ဆေးရေးနှင့် ပြန်လည်မွမ်းမံခြင်းကို အကြောင်းပြပြီး ဓါတ်ခွဲဆောင်ကို တစ်ပါတ်လုံး ပိတ်ထားဖို့ ကျောင်းကို အကြောင်းကြားထားကတည်းက အဆောင်ထဲကို ကျောင်းသားကျောင်းသူအပါအဝင် မည်သည့်ဆရာ၊ ဆရာမ မျှ မဝင်နိုင်တော့ပေ။ ဝမ်ကျင်းဟန်က ရဲနည်းနည်း နှင့် အသွင်ပြောင်းအဖွဲ့က လူတွေကို ခေါ်ကာ ဓါတ်ခွဲဆောင်အတွင်းကို ဝင်ခဲ့သည်။
“မေးခွန်းတွေ စပြီး မမေးခင်မှာ ငါတို့တွေ အခင်းဖြစ်တဲ့နေရာကို ပြန်ပြီး သရုပ်ဖော်တာ လုပ်ကြည့်ကြမယ်” ဝမ်ကျင်းဟန်က ဓါတုဗေဒ ဓါတ်ခွဲခန်းထဲမှ အမျိုးမျိုးသော ပစ္စည်းများကို လျှောက်ကြည့်နေသည်။
“အခင်းဖြစ်တာကို ပြန်သရုပ်ဖော်တယ် ဆိုတာ ဘာအဓိပ္ပါယ်လဲ” ဒီစကားကို ကွမ်ကျင် ကြားဖူးတာ ပထမဆုံးအကြိမ်တော့ မဟုတ်တော့ သို့သော် သူ ဒါကို သေချာ နားမလည်သေးဘူး ဖြစ်နေသည်။
“ဒါက ကျည်ဆံတို့ သွေးတို့ လို့မျိုး မှုခင်းဆေးအဖွဲ့က ဆန်းစစ်ရမယ့် အပိုင်း မရှိတဲ့ အမှုမျိုးလေ။ ငါတို့က အခင်းဖြစ်တဲ့ အချိန်က ဓါတ်ပုံတွေနဲ့ သေသွားတဲ့ နစ်နာသူရဲ့ အခြေအနေတွေကို ကြည့်ပြီးတော့ သူတို့ မသေခင် ဘာတွေ စဉ်းစားတယ် ဘယ်တွေလုပ်တယ် ဆိုတာကို လိုက်ကြည့်လို့ပဲ ရမယ်”
“ပိုင်လေး၊ မင်းက အခု ချုံကျောင်ကျောင်ပဲ” ဝမ်ကျင်းဟန်က သူ့ကို လက်ညိုးထိုးပြလိုက်သည်။ ပိုင်လေးက နာနာခံခံပဲ လျှောက်သွားကာ ကြမ်းပေါ်တွင် မြေဖြူဖြင့် ဆွဲထားသည့် လူသားကောက်ကြောင်း ပုံအတိုင်း လှဲချလိုက်ကာ သေသလို ဟန်ဆောင်လိုက်သည်။
“မဟုတ်သေးဘူး။ သူ(မ)ဘယ်ခြေက ကွေးပြီးတော့ ညာခြေက အနောက်ကို နဲနဲလေး ဆန့်ထုတ်ထားရမှာ။ သူ့ညာလက်က လည်ပင်းကို အုပ်ကိုင်ပြီးတော့ ဘယ်လက်က ရှေ့ကို လက်လှမ်းရမယ် လက်ချောင်းတွေက ကွေးထားရမယ်” ကွမ်ကျင်က ဓါတ်ပုံကို ကိုင်ကာ ဆရာလုပ်ပြန်သည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023