Chapter 21 အခန်း ၂၁ သေမင်း တမန်၊ နတ်မိမယ်လေးများ သေဆုံးခြင်း ၁
ညချမ်းချိန်ခါ ဖြစ်သော်ငြား ညဥ့်ကောင်းကင်ယံတွင်တော့ ဟိုးအဝေးမှ နီယွန်ဆိုင်းဘုတ်များ၏ အလင်းရောင်က ထွန်းလင်းနေဆဲပင်။ သို့သော်လည်း ဒီလမ်းကလေးကတော့ သစ်ပင်ကြီးများ၏ ဖုံးလွှမ်းမှုကြောင့် မှိန်ပျပျ ဓါတ်မီးတိုင်၏ အလင်းရောင်သာ ထွန်းလင်းနေသည်။ ဝူမုန် မှာ ဆေးရုံမှ ညအဆိုင်း ထွက်တာမို့ကြောင့် လမ်းကလေးကို ကတိုက်ကရိုက် လျှောက်လို့နေသည်။ သစ်ပင်များ၏ အရိပ်များက မြေပေါ်တွင် ကခုန်နေကာ တစ်ချက်တစ်ချက် ချိုးချိုးချွတ်ချွတ်အသံများလဲ ထွက်လာတတ်သေးသည်။ ဝူမုန်မှာ အမြဲတစေ အသည်းငယ်သူ တစ်ယောက်ပေမို့ ညဆိုင်းဆင်းပြီးတိုင်း ဒီလမ်းလေးမှ လျှောက်သည့်အခါ အမြဲကြောက်လန့်နေကာ ခြေလှမ်းအနည်းငယ်မျှနှင့် လမ်းအဆုံးကို ရောက်ပါစေဟုတောင် ဆုတောင်းတတ်သည်။
လမ်းလေး လျှောက်လာတုန်းတွင် ဝူမုန်တစ်ယောက် သူ(မ)နောက်မှ ခြေသံများ ရုတ်ချည်း ကြားလိုက်ရသည်။ အထိတ်တလန့် ရပ်ကာ နောက်ကို လှည့်ကြည့်ပြီး တုန်ရီနေတော့သည်။ လမ်းလေးပေါ်မှ ယိမ်းနွဲ့နေသော သစ်ပင်ရိပ်များမှ လွဲလျှင် ဗလာနတ္ထိပင်။ သို့သော်လည်း ဝူမုန်ကတော့ ပိုတောင်ကြောက်လာသလို ခံစားရပြီး နောက်ကို တုန်တုန်ရင်ရင် ဆုတ်သွားသည်။ ပြီးတော့ တစ်ချိုးတည်းလှည့်ကာ ကျားလိုက်သလို ပြေးတော့လေသည်….
XXXXXXX
ကွမ်ကျင်တစ်ယောက် ရုံးခန်းထဲသို့ ဝင်လာချိန်တွင် လူတိုင်းက အရင်အတိုင်း ပျင်းရိပျင်းတွဲ အေးအေးသက်သာ သာရှိနေသေးသည်။ ဝမ်ကျင်းဟန်က သူတို့ကို ခက်ခဲလှသော လေ့ကျင်းခန်း တစ်ပါတ်လုပ်ပေးပြီးနောက် သူကိုယ်တိုင်လဲ စိတ်ဝင်စားမှုလျော့သွားကာ အခုချိန်မှာတော့ သူ့ကို ဖမ်းဖို့တောင် တော်တော်လေး ကြိုးစားအားထုတ်ရမည့် သဘောဖြစ်လို့နေသည်။
“အာ.. နွေတောင် ရောက်တော့မယ်။ ရာဇဝတ်သားတွေ အပူရှောင်ဖို့များ ထွက်ပြေးသွားပြီလားပဲ” တင်တင်က စာအုပ်တစ်အုပ်ကို အသာလှန်ရင်း ပျင်းရိနေတာကို ကျော်လွှားလို့နေသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionSpecial Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023