Chapter 25 - အခန်း ၂၅ နတ်မိမယ်လေးများ သေဆုံးခြင်း
ကွမ်ကျင် ပိုဂရုစိုက်တာက သူဘယ်လို သေခဲ့သလဲ ဆိုတာပင်။
[အီသန်: ငါမေးချင်တာ အဲဒါမဟုတ်ဘူးလေ၊ မင်းကော အခု ဘယ်လိုလဲ]
[တိုနီ: ဒီလိုပဲ၊ ငါလဲ အလုပ်တွေ အကုန်ရပ်ထားတယ်။ အဖွဲ့မှာလဲ ပြဿနာ အကြီးကြီး တက်နေပုံပဲ ပြီးတော့ သူတို့ကတောင် င့ါကို ဒီလို လုပ်ဖို့ အကြံပေးလိုက်သေးတယ်၊ ပြီးတော့ကွာ အီသန် ဆိုတာ သူတို့ရဲ့ အကောင်းဆုံး လက်ရွေးစင်တွေထဲက တစ်ယောက်ပဲ ဒါတောင် အသံတိတ် အသတ်ခံရသေးတာပဲ သူတို့လဲ သောက်ရှက်ပေါ့ကွ]
[အီသန်: မင်းတစ်ကယ်ကြီး ဘာအလုပ်မှ မလုပ်ပဲ အိမ်မှာပဲ နေနေတာတော့ မဟုတ်ပါနော်ကွ]
[တိုနီ: ဟ ဘယ်ဟုတ်ပ့ါမလဲ၊ ဖြတ်ပြောရတာတော့ အားနာတယ်၊ ဒါပေမယ့် မင်းက ငါ့ကို တော်တော် နားလည်ထားပဲ အီသန်နဲ့ စကားပြောနေရသလိုပဲ။ ငါ လျှောက်စုံစမ်းထားသေးတယ်၊ သူသေတာ အဖွဲ့က တာဝန်ယူလိုက်တဲံ ဟိုသောက်ဇယားအလုပ်နဲ့ သွားငြိနေမှာပဲ စိုးတာ ပြီးတော့ အီသန်ကလဲ ကံဆိုးပြီး အဲဒိအလုပ်မှု လုပ်ရတဲ့သူ ဖြစ်နေမှာပဲ ]
[အီသန်: မင်းပြောတာက ဟာမီး (တမာန်တော်) ကို လုပ်ကြံရတဲ့ အလုပ်ကို ပြောနေတာလား]
[တိုနီ: ဒါပေါ့၊ မင်းလဲ တော်တော်လေး သိတာပဲ၊ ဘယ်လိုလုပ် ဒီကောင် ငါ့ကွယ်ရာမှာ အခြားသူတွေနဲ့ ငြိပြီး မင်းကို အကုန်ပြောပြရတာလဲ။ ဟုတ်ပြီ။ ဟာမီး ဆိုတာ ‘နတ်ဘုရားများ၏ တမာန်တော်များ’ ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး အစိုးရမဟုတ်တဲ့ ထောက်လှမ်းရေးအဖွဲ့တဲ့၊ သူတို့လဲ ဒီအလုပ်ကို တာဝန်ယူရတာက ဟေးရှောင် ဆိုတာ တကယ်ကြီး သိအောင်လုပ်နိုင်တာပဲ ပြီးတော့ ဟေးရှောင်ရဲ့ လက်ရှိ လုပ်နေတဲ့ အလုပ်တွေအပါအဝင် အထောက်အထားအမှန်တွေ သိပြီးတော့ သတ်တောင် သတ်လိုက်နိုင်သေးတယ်]
ကွမ်ကျင်က သူ့သေခြင်းက ဘယ်လောက်တောင် နစ်နာဖို့ ကောင်းသလဲ ဆိုတာကို အဆုံးသတ်ကျမှ သိသွားတော့သည်။
[အီသန်: ဒီတော့ သူတို့က တစ်ယောက်ကို သတ်ပြတာက အားလုံးကို သတိပေးဖို့လို့ ပြောချင်တာပေါ့၊ သူတို့ ခေါင်းဆောင်ကို လုပ်ကြံဖို့ ကြိုးစားတဲ့ သူတိုင်း ဒီလို အဆုံးသတ်ပဲ ရမယ်လို့ ပြောလိုက်တဲ့ အပြင် တစ်ချိန်တည်းမှာပဲ အခြားအဖွဲ့အစည်းတွေကိုလဲ ကောင်းကောင်းကြီး သတိပေးလိုက်တာပေါ့၊ ကျောက်တုံးတစ်တုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပေါ့ ]
![](https://img.wattpad.com/cover/283760726-288-k63832.jpg)
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023