အခန်း ၁၁၆ Still Waters and Bitter Cold ၉

987 160 15
                                    

အခန်း ၁၁၆ Still Waters and Bitter Cold ၉

ဝမ်ကျင်းဟန် ဘားကောင်တာမှာ မတ်တပ်ရပ်နေပေမယ့် စိတ်နှင့် လူတော့ ကပ်မနေပေ။ အဓိကကတော့ ရန်သူဆီကနေ ချစ်ဝန်ခံစကားမကျ တကျ ကြားလိုက်ရတဲ့ ကိစ္စက တစ်ပိုင်းတစ်စ ပါနေသလို နောက်တစ်ပိုင်းကတော့ သူ့ရဲ့ မစ်ရှင်က ဘာတိုးတက်မှုမျှ မရှိတာ ကြောင့်လဲ ပါသည်။ သူ့ခေါင်းထဲမှာလဲ စစ်ပွဲဂိမ်း စကား သလို ထိုးစစ်ဆင်လိုက် ခံစစ်ဆင်လိုက်နှင့် ဆိုတော့ ခေါင်းကိုက်တာသာ အဖတ်တင်နေသည်။

သူနှင့် သိပ် မနီးမဝေးတွင် မတ်တပ်ရပ်နေသော ကျောင်းရှုကို တစ်ချက် လှမ်းရှိုးလိုက်သည်။ ကျောင်းရှုနှင့် လီလုံ ကြားက ဆက်ဆံရေးက ပြောရမယ် ဆိုရင် အမြင့်ဆုံးအခြေအနေ ရောက်နေပြီလို့ ပြောလို့ ရသည်။ သို့သော်လည်း ကျောင်းရှုက လီလုံနှင့် နေဖို့ စိတ်မရှိဘူးဆိုတာတော့ သူပြောနိုင်သည်။ အတွေးထဲ နစ်နေတာနှင့်တင် သူ့လက်က တဖြည်းဖြည်း လျော့လာကာ ကိုင်ထားသည့် ဝိုင်ဘူးအဆို့က လျောကျကာ အောက်ကို လိမ့်သွားသည်။

သူအမြန် ခါးကိုင်းကာ ကောင်တာအောက်ကို ငုံရှာလိုက်သည်။

မီးမှိန်မှိန်ထဲတွင် ဝိုင်ဘူးစို့ကို စမ်းရှာရသည်မှာ တော်တော်လေး ခက်တာမို့ အမြန် နောက်တစ်လှမ်းဆုတ်ကာ မတ်တပ်ရပ်လိုက်သည်။

"အာ့..." ဝမ်ကျင်းဟန် ခေါင်းက ကောင်တာ အောက်ခြေနှင့် မတော်တဆ တိုက်မိသွားသည်။

သူအမြန် ပြန်ကိုင်းကာ ဘူးအဆို့ကို ဆက်ရှာလိုက်သည်။ ရုတ်ချည်း ထူးဆန်းတာ တစ်ခုကို ခံစားမိကာ လန့်ပြီး လက်ကို ပြန်ရုတ်လိုက်သည်။ သူ ကိုင်မိလိုက်တာ မှန်ရလားဆိုတာဆိုပြီး ထပ်စမ်းလိုက်သည်။ ချက်ချင်း ဆိုသလိုပဲ သူ့နဖူးမှာ ချွေးသီးချွေးပေါက်တွေ စို့တက်လာသည်။

"ကျင်းဟန် ဘာလုပ်နေတာလဲ" ကျောင်းရှု မေးသံ ထွက်လာသည်။

"အောက်ကျသွားလို့ ပစ္စည်းကောက်တာ ခေါင်းစောင့်မိလို့"

ကျောင်းရှုက သူ့ဆီ အမြန်လျှောက်လာကာ သူ့ကို ကူပေးရင်း "များသွားလား"

"ဟင့်အင်း ရတယ်" ဝမ်ကျင်းဟန်က ပြန်ပြုံးပြလိုက်သည်။

"မင်း ပြန်နား ရင် နားလိုက်လေ။ မင်းမျက်နှာက ဖြူဖျော့နေတာပဲ။ လိုရင်လဲ ဆရာဝန်လေး ဘာလေး ပြဦး"

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now