အခန်း ၆၇ ညဥ့်ဇီးကွက် ၇

3.6K 652 22
                                        

Chapter 67 အခန်း ၆၇ ညဥ့်ဇီးကွက် ၇

မနက်အစောကြီး ကွမ်ကျင့်တိုက်ခန်းကို လုယွင်ယွမ် ရောက်တော့ သူ မော့ကြည့်ချိန်တွင် ကွမ်ကျင်က သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားကာ ခရီးဆောင်အိတ်ကို ဆွဲပြီး အိမ်တံခါးဝမှာတောင် မတ်တပ်ရပ်နေပြီ။ လှေခါးကိုပဲ စိုက်ကြည့်နေကာ လုယွင်ယွမ် ပေါ်လာသည်နှင့် မျက်လုံးက လက်ခနဲ ဖြစ်ကုန်သည်။

လုယွင်ယွမ်က နားထင်ကိုပဲ လက်လျော့ဟန် ပွတ်ရန်သာ ရှိတော့သည်။ “ပြောစမ်းပါဦး ရှောင်ကျင်ရဲ့ ကိုယ့်ကို မနေ့က ညထဲက စစောင့်နေတာတော့ မဟုတ်ဘူးမလား ဟမ်?”

“အဲလောက် တုံးစရာလား ခုနစ်နာရီလို့ ပြောထားတာပဲဟာ ဒါကို တိကျတယ်လို့ ခေါ်တယ်” ကွမ်ကျင်က သူ့လက်ပတ်နာရီကို ညွှန်ပြကာ ဆိုသည်။

“မင်း ဒီလောက် စိတ်လောကြီးနဲ့ ဒီ ဟာဝါအီ သဘောင်္ခရီးကို ပြင်နေတာ ကိုယ့်ခံစားချက်တွေ လက်ခံပြီး ကိုယ်နဲ့ ချစ်သူတွေ ဖြစ်လာဖို့ ဆန္ဒစောနေတယ်လို့တောင် အထင်လွဲအောင် လုပ်နေသလိုပဲနော်” လုယွင်ယွမ် အမူအယာက နည်းနည်းလေး ဝေခွဲမရဖြစ်နေသည်။

“အထင်လွဲတာနော်။ ကျွန်တော်က အပျော်စီး သင်္ဘောကိုပဲ စိတ်ဝင်စားတာ ခင်ဗျား မပါဘူး”

လုယွင်ယွမ်က သူ့ကို ခဏလောက် စစ်ကြည့်တော့ ရုတ်တရတ် ထမေးလိုက်သည် “မင်း နွေးတာလေး မယူလာဘူးလား”

“ဟမ်?” ကွမ်ကျင်က သူ့အိတ်ကို ကြည့်ကာ “ဟာဝါအီသွားမှာလေ၊ အန္တာတိက သွားမှာမှ မဟုတ်တာ”

“အပူပိုင်းဇုန်မဟုတ်တဲ့ နေရာကနေ ဖြတ်သွားရမှာလေကွာ။ အခုက ဆောင်းဦးနှောင်ပိုင်း ရောက်နေပြီလေ ပင်လယ်က မုန်တိုင်း ထန်ရထန်နဲ့ အရမ်းအေးတာ”

“မလိုဘူး” ကွမ်ကျင်က သူ့အိတ်သူသယ်ကာ လှေခါးကနေတောင် စဆင်းနေပြီ။

“အောက်ဆင်းပြီး ကိုယ့်ကို စောင့်နေ။ ယူပြီး လိုက်တာခဲ့မယ်” ဟု လုယွင်ယွမ်က ပြောပြီး ကွမ်ကျင့် နားကနေ ကပ်ကာ ခြေလှမ်းပြင်လိုက်သည်။

“အလုပ်ရှုပ်ခံချက်က” ကွမ်ကျင်ကတော့ ကျေးဇူးမတင်ပါဘူး။ လှေခါးတစ်ယောက် အိတ်ဆွဲပြီး ဆင်းတဲ့ တစ်လျှောက်လုံး စိတ်ထဲကနေတောင် ပွစိပွစိ လုပ်လာသည်။ ငါ့ ဘာဝတ်တာလဲ ဆိုတာတောင် လာဂရုစိုက်နေသေးတယ်…. ဇီဇာကို ကြောင်တယ်….. တကယ်တော့ သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်လိုက်ရင်တော့ သူ့မျက်နှာက ကျေနပ်မှု အနည်းငယ် ပေါ်နေတာ သူသိပေလိမ့်မည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedDonde viven las historias. Descúbrelo ahora