အခန်း ၂၄ နတ်မိမယ်လေးများ သေဆုံးခြင်း ၄

3.9K 746 17
                                    

Chapter 24 အခန်း ၂၄ နတ်မိမယ် သေဆုံးခြင်း ၎

“ဒါနဲ့ မင်းလဲ ဒီနေရာနဲ့ အရမ်းရင်းနှီးနေသလိုပဲ” လုယွင်ယွမ်က မှတ်ချက်ပြုသည်။

“ဟုတ်တယ်လေ။ ခေါင်းထိပြီးတော့ ဒီဆေးရုံမှာ နေရတာ ပြီးတော့ နောက်ပိုင်းလဲ အများကြီး လာဖူးတယ်” ကွမ်ကျင်က ဟိုဆရာဝန်ကို ပြန်အမှတ်ရသွားတော့ သူ့အရေပြားကို အချွန်နှင့် ထိုးလိုက်သလိုပင်။

“အော်… ကိုယ်လဲ ဒီမှာ သူငယ်ချင်းတစ်ယောက် ရှိတယ်လေ။ ပထမဆုံး အသတ်ခံရတဲ့ အမှုကို ပိုနားလည်ချင်လို့ သူ့အကူအညီနဲ့ဆိုရင် ပိုပြီး အဆင်ပြေသွားမှာ” လုယွင်ယွမ်က ပြောသည်။

“ပထမအမှုလား? လွန်ခဲ့တဲ့ နှစ်နှစ်က အမှု”

“ဟုတ်တယ်။ အဲဒိအမှုက ကွင်းဆက်အမှုတွေရဲ့ အစပဲ။ အမြဲတမ်းပေါ့လေ လူသတ်သမားရဲ့ ရည်ရွယ်ချက်က ဘယ်လိုအခြေအနေမျိုးဆိုတာလဲ သိချင်ရင် ပထမဆုံးအမှုကို နားလည်ထားတာက အကောင်းဆုံးပဲ”

“အစောပိုင်းထဲက လူသတ်မှုတွေ ကျူးလွန်ထားရင် ဘယ်လိုလုပ်မလဲ”

“အဲဒါလဲ ဖြစ်နိုင်တာပဲ။ ဒါပေမယ့် လက်ရှိက ငါတို့မှာက ဒီအမှုတွေပဲ ရှိတော့ အရင်စစ်ကြည့်တာပေါ့”

နှစ်ယောက်သား ဆေးဘက်ဆိုင်ရာဌာနဖက်ကို ဆက်လျှောက်လာကြကာ စင်္ကြန်လမ်းအဆုံးက ရုံးခန်းရှေ့ကို တရွေ့ရွေ့ ရောက်သွားသည်။ ကွမ်ကျင်က ရုတ်ချည်း အရမ်းကို စိတ်ပူလာသလို ဖြစ်လာသည်။ လုယွင်ယွမ်က တံခါးကို ခေါက်လိုက်သည်။

 “ဝင်ခဲ့ပါ”

ထိုင်ခုံနောက်တွင် ထိုင်နေသော ဆရာဝန်က မတ်တပ်ရပ်ချိန်မှာတော့ ကွမ်ကျင် ချက်ချင်း တောင့်တင်းသွားသည်။ ရန်သူတွေက လမ်းကျဉ်းလေးမှာ တွေ့ကို တွေ့တတ်တာပဲ။

“မင်း ရဲဖြစ်သွားတယ်လို့ ကြားလိုက်သလားလို့၊ အမှုတွေ စလိုက်နေပြီလား” ဆရာဝန်က စသည်။

“ဟုတ်တယ်လေ။ ငါရဲ့ တိုင်းပြည်ကို ငါပြန်ပေးဆပ်နေတာ”

“ဟမ်၊ မင်းက…” ဆရာဝန်က ကွမ်ကျင့်ကို လက်ညိုးထိုးပြပြီးတော့ “မင်းပဲလား….”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now