အပိုင်း ၆၂

3.3K 622 6
                                    

Chapter 62 အပိုင်း ၆၂ ညဥ့်ဇီးကွက် ၁ +၂

Newark လေဆိပ်ထဲမှ ထွက်လိုက်ချိန်တွင် နေရောင်စူးစူးကြောင့် ကွမ်ကျင့် မျက်လုံးများ ကျုံ့ခနဲ ဖြစ်သွားရင်။ လေထဲမှာပင် ရင်းနှီးလှသော မေပယ်နံ့များနှင့် နယူးယော့၏ အရိပ်အမြွက်တွေ ပါဝင်နေသည်။

“မင်းကြည့်ရတာ ဒီနေရာကို ကျွမ်းနေသလိုပဲ။ ဒါမင်းရဲ့ ပထမဆုံးအကြိမ် မဟုတ်ဘူး မလား” တိုနီက သူ့ကို ပြောသည့် စကားက အင်္ဂလိပ်စကား ဖြစ်သွားသည်။

“ဒါပေါ့၊ ငါလဲ မင်းလောက်တော့ ဒီနေရာတော့ ကျွမ်းတာပေါ့” ကွမ်ကျင်ကလဲ သူ့ကို အင်္ဂလိပ်လိုသာ ပြန်ဖြေလိုက်သည်။

တိုနီက ကြောင်တက်သွားကာ “ ဘာလို့ မင်းလေသံက အီသန်နဲ့ အရမ်းတူနေတာလဲ။ သူနဲ့ အင်္ဂလိပ်စာ လေ့ကျင့်ထားတာလား။ မင်းကတော့ ဆရာမှားတင်မိပြီ။ ငါ့အင်္ဂလိပ်လေသံကမှ ဝဲတာမရှိတာကွ”

“မင်းရဲ့ တက္ကဆက် လေသံကြီးက လျှံထွက်နေတာနော်။ ပြီးတော့ မင်း ခပ်မြန်မြန် ကားစမမောင်းရင် ငါ့ဘာသာပဲငါ တက္ကစီ ငှားသွားတော့မယ်”

တိုနီက သူ့ရဲ့ ပျိုးပျိုးပျက်ပျက် တောက်ပလှသည့် အနီရောင် Lotus ပြိုင်ကားလေးကို မောင်းကာ Upper East Side မှ သူတို့၏ ဗီလာဆီသို့ ဦးတည်လိုက်သည်။

 ဘာကြောင့်များ သူတို့ရဲ့ ဆိုပြီး ဖြစ်တာကတော့ ကွမ်ကျင်က က မြို့ပေးတွင်ပင် သီးသီးသန့်သန့်လေး နေဖို့ အမိန့်ရသဖြင့် သူက Central Park နားက ဗီလာလေး တစ်လုံးကို ရှာလိုက်တာပဲ ဖြစ်သည်။ တိုနီက သူ့တိုက်ခန်းမှာပဲ မကြာမကြာ နေကာ မခွာလှတာကြောင့် ဒီနေရာကို တစ်ယောက...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဘာကြောင့်များ သူတို့ရဲ့ ဆိုပြီး ဖြစ်တာကတော့ ကွမ်ကျင်က က မြို့ပေးတွင်ပင် သီးသီးသန့်သန့်လေး နေဖို့ အမိန့်ရသဖြင့် သူက Central Park နားက ဗီလာလေး တစ်လုံးကို ရှာလိုက်တာပဲ ဖြစ်သည်။ တိုနီက သူ့တိုက်ခန်းမှာပဲ မကြာမကြာ နေကာ မခွာလှတာကြောင့် ဒီနေရာကို တစ်ယောက် တစ်ဝက် ပြင်ဆင်ထားတာ ဖြစ်သည်။ သို့သော်လည်း ကွမ်ကျင်က ကွင်းစ် (Queen) က သူ့တိုက်ခန်းမှာပဲ အမြဲလိုလို နေဖြစ်ကာ တိုနီကတော့ ညဖက်ကဆို ဘားတွေမှာ နောက်ကျတဲ့အထိ နေပြီး သူ့ဘာသာ ဘယ်နေရာဖြစ်ဖြစ် ရောက်သွားတတ်သူမို့ ဒီနေရာတွင် အများအားဖြစ်တော့ မနေဖြစ်ကြပေ။ အလုပ်တွေ တစ်ခုနှင့် တစ်ခုကြား တအားဟသွားချိန်မှသာလျှင် ကွမ်ကျင်က ဗီလာကို ပြန်လာကာ ခဏတဖြုတ်နေတတ်သည်။ နေ့ခင်းဖက်တွေ ဆိုလျှင်လည်း သူက Metropolitan Museum နားတွင် လျှောက်ကြည့်နေလေ့ ရှိသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now