အခန်း ၁၀၄ စတူဒီယိုမှ အထိတ်တလန့် ၁၄

2K 398 18
                                    

Chapter 104 အခန်း ၁၀၄ စတူဒီယိုမှ အထိတ်တလန့် (၁၄)

ဒီတစ်ခေါက်တော့ မီဒီယာတွေက တော်တော်လေးကို သင့်တင့်လျောက်ပတ်စွာ ပြုမူကြတာမို့ အားလုံးကတောင် အလန့်တကြားတွေ ဖြစ်ကုန်သည်။ သို့သော် ပြည်သူလူထုကတော့ သူတို့ကိုယ်ပိုင် အတွေးတွေ ရှိဆဲဆိုတော့ အွန်လိုင်းပေါ်မှာ ဝုန်းဒိုင်းကြဲကုန်ကြပြန်သည်။

တစ်ဖက်မှာက ယန်ချင်၏ ဖန်တွေက ဆုတောင်းစကားတွေနှင့် သူ့ကို ကာကွယ်ပေးနေသည်။ : ဂေးဖြစ်တာ ဘာဖြစ်လဲ။ သတင်းဆိုးတွေ ထွက်နေတဲ့ အဖြောင့်ဆိုတဲ့ ဟာတွေမှ ဒီလောကထဲမှာ တစ်ပုံကြီး , ယန်ချင်က အလုပ်လဲ ကြိုးစားတယ် သရုပ်ဆောင်လဲ တော်လို့ ဒီနေရာကို သူ့အစွမ်းအစနဲ့သူ ရလာတာ, ဒီလို ချိုမြိန်တဲ့အတွဲလေးကြောင့် င့ါနှလုံးသားလေးတောင် အရည်ပျော်တော့မယ်… သူ့ဖန်မဟုတ်သည့် လူတော်တော်များများကတောင်မှပဲ ငါတို့တောင်မှ အချစ်ဆိုတာ ယုံကြည်တယ် တွေ ဖြစ်ကုန်သည်။

ဒါပေါ့ ရွံ့စရာ ကောင်းတယ်တို့၊ အမြင်မတော်တာတွေလို့ ဆိုပြီး အော်ဟစ်နေသည့် လူတစ်စုလဲ ရှိသေးသည်။ သို့သော် သူတို့၏ စာသားတွေက အပြုသဘောဆောင်သည့် ဖန်တွေ၏ အောက်မှာ အလျင်အမြန်ပဲ ပျောက်ကွယ်ကုန်သည်။

ယန်ချင် Weibo ကနေ ထွက်ကာ သက်ပြင်းချမိသည်။ ပြီးတော့မှ ကားထဲကနေ ထွက်ခဲ့လိုက်သည်။ အပြင်မှာ မှောင်မိုက်နေကာ အနားဝန်းကျင်မှာ ဘယ်သူမှလဲ ရှိမနေပေ။ ယန်ချင်က သူ့နာရီကို ကြည့်လိုက်တော့ : ချိန်းထားသည့် အချိန်ကိုတောင် ကျော်နေပုံပဲ… သူ့ကုတ်အကျီကို ခပ်တင်းတင်း ဆွဲဝတ်ကာ ရုပ်တုကြီးဘေးနားရှိ ချုံပုတ်လေးနားကို လျှောက်သွားကာ အနားပတ်လည်ကိုလဲ ခိုးကြောင်ခိုးဝှက် ကြည့်နေသေးသည်။ 

ရုပ်တုကြီး နောက်ကနေ လူရိပ်တစ်ခု ထွက်ပေါ်လာကာ သူ့လက်ထဲမှာလဲ တစ်စုံတစ်ခုကို ကိုင်ထားကာ ယန်ချင် ရှိရာကို တိတ်တဆိတ် ချွတ်နင်းပြီး ကပ်လာသည်။ ယန်ချင်က သူကနောက်ကနေ ကပ်လာသည့် သူကို သတိပြုမိပုံ မရပဲ လမ်းဘက်ကို လည်ဆန့်လို့ မျှော်ကြည့်နေသေးသည်။

ထိုလူက အနားကို တိုးတိုးလာကာ ယန်ချင်၏ လည်ပင်းရှိရာကို စတင် လှမ်းကပ်လို့လာသည်။ ဆတ်ခနဲ မီးတွေ လင်းထိန်နေအောင် ထွန်းလင်းလာတာမို့ ထိုသူက အော်ကာ သူ့မျက်လုံးကို အုပ်ကာ ထွက်ပြေးချင်ပုံလဲ ရသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now