Chapter 29 အခန်း ၂၉ သေမင်းတမန် ၉
“ဆရာတို့ နှစ်ယောက်က အမြဲအတူတူ လာတာ သွားတာ လုပ်တယ်နော်၊ တွဲဖက်တွေလား” ဝူမုန်က ကွမ်ကျင်နှင့် သူ့အနောက်တွင် မတ်တပ်ရပ်နေသော လုယွင်ယွမ်ကို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် မေးတော့သည်။
“အင်း”
“မဟုတ်ပါဘူး”
ဝူမုန်တော့ ဘာပြောရမှန်းတောင် မသိတော့ပေ။
လုယွင်ယွမ်က ခပ်ဝေးဝေးမှာပဲ နေပါရစေ ပုံစံ ဖြစ်နေသည့် ကွမ်ကျင် ကို ကြည့်ကာ ဝူမုန်ကို တိုးတိုးလေး “သူက နည်းနည်းလေး ကလေးဆန်တဲ့ စိတ်ရှိတယ်လေ ပြီးတော့ ကျွန်တော့်က သူ့ကို စိတ်ဆိုးအောင် လုပ်ထားမိတော့ နှစ်ယောက်ကြားထဲ ကသိကအောက် ဖြစ်နေရော။ မပူပါနဲ့ ပြန်သွားရင်တော့ စုတ်လုံးလေး နည်းနည်းပါးပါး ဝယ်ပေးလိုက်ရင် အဆင်ပြေသွားမှာ”
ဝူမုန်က တစ်ခုခုကို သဘောပေါက်သွားပုံ ရသွားကာ ‘သိသွားပြီ’ ဆိုသော အမူအယာနှင့် လုယွင်ယွမ်ကို ကြည့်လိုက်သည်။ “သူ့ကို စုံစမ်းတဲ့ တစ်လျှောက်လုံး ခေါ်သွားရတော့ တော်တော်လေး ပင်ပန်းမှာပဲနော်။ သူ့ကိုလဲ ချော့ဖို့ တာဝန်ရှိနေသေးတာ ဆိုတော့လေ”
“အကျင့်တော့ ဖြစ်နေပါပြီလေ…” လုယွင်ယွမ်က ဘာမှ မတတ်နိုင်သလို ခေါင်းသာ ယမ်းပြလိုက်သည်။
“ဒီနေ့ ညီမရောက်တော့၊ လိန်ကျင်းကို အခြားဆေးရုံပြောင်းလိုက်တယ်လို့ ကြားတယ်”
“ဟုတ်တယ်။ လုံခြုံရေး ကြောင့်လေ။ သူ ထပ်သက်သာသွားရင် ပြန်ပြောင်းပေးမှာ” ဟု လုယွင်ယွမ်က ပြောလိုက်သည်။
“အော် ဒါ့ကြောင့်ကိုး” ဝူမုန်က သက်တောင့်သက်သာ ရှိသွားပြီးတော့ “ဟုတ်သားပဲ။ ဒီမနက်လေ လူတွေအများကြီး လိန်ကျင်း ဒါဏ်ရာ ရတဲ့ အကြောင်း ပြောနေကြတယ်။ ဘာသေချာ ဖြစ်တာလဲ ဆိုတာ အများကြီး မသိတော့ ဖြစ်နိုင်ချေ ရှိတာပဲ တွေးနေကြတာ။ မနှစ်က လူနာတစ်ယောက် အူမကြီးခွဲစိတ်မှု လုပ်တုန်းကလေ အဲဒိခွဲစိတ်မှုက တော်တော်လေးတော့ ရိုးစင်းပါတယ်။ လူနာက ဆေးရုံမှာ ညနည်းနည်းလောက် တက်သွားသေးသည်။ လိန်ကျင်းက သူ့ကို တာဝန်ကျတယ်လေ။ နောက်ကျတော့ အဲဒိ လူနာက သူ နေလို့ သက်တောင့်သက်သာမရှိဘူးလို့ တောက်လျှောက် ပြောနေတာ။ အဲဒိတော့ ခဏခဏ နီးပါးပါပဲ ဆေးရုံ လာလာတက်ပြီးတော့ စစ်ကြည့်တတ်တယ်။ အကြိမ်တိုင်းလဲ ဘာပြဿနာမှ မရှိဘူး ဒါနဲ့ သူလဲ ပြန်တာပဲ။ ဒါပေမယ့် သိပ်မကြာဘူး ထပ်ရောက်လာပြန်ရော။ ဒီလိုနဲ့ပဲ မနှစ်က တစ်နှစ်ထဲနဲ့တင် သူ ဆေးရုံလာတက်တာ ငါးခါကျတယ်။ အကြိမ်တိုင်းလဲ လိန်ကျင်း တာဝန်ကျတဲ့ လူနာဆောင်မှာပဲ။ ညီမကြားတာတော့ အဲဒိလူ ဆေးရုံမှာ နေတဲ့ အချိန်တုန်းက လိန်ကျင်းနားပဲ တစ်ချိန်လုံး ရစ်သီ ရစ်သီနဲ့တဲ့။ ဒါပေမယ့် သိသိသာသာကြီးတော့ မလှုပ်ရျားတော့ လိန်ကျင်းကလဲ အများကြီးတော့ မတွေးမိဘူး”
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionSpecial Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023