Chapter 107 အခန်း ၉၆ မီးပုံးပွဲတော် နှင့် နိုနို
ဒါလေးကတော့ ကုန်းလု နှင့် ရှို့ကွမ်တို့ အပေးအယူမျှမျှ အတွဲလေး အဖြစ် ဖြစ်သွားပြီး နောက်ပိုင်း လေးပါ
ဝမ်ကျင်းဟန်က ရုံးခန်းတံခါးကို မှီကာ “ဒီနေ့က မီးပုံးပွဲတော်နေ့ရယ်ပြီးတော့ အခုတလောလဲ ဘာအမှုမှ မရှိသေးဘူးဆိုတော့ ကဲကဲ စောစောပြန်ပြီး နားကြလို့ ရပြီ”
“ကြီးမြတ်လှကြောင်းပါ” အားလုံးလဲ ခပ်သုတ်သုတ် သိမ်းဆည်းပြီးတော့ အစတောင် ရှာမရအောင် ပျောက်ကုန်ကြသည်.
“မင်း မပြန်သေးဘူးလား” ကွမ်ကျင်တစ်ယောက်တည်း ထိုင်နေတာကို မြင်တော့ ဝမ်ကျင်းဟန် မနေနိုင်ပဲ မေးမိသည်။
“အိမ်ပြန်ရင် နေ့လည်စာ ကိုယ့်ဘာသာကိုယ် ချက်နေရဦးမယ်။ စားပြီးမှပဲ ပြန်တော့မလို့” ကွန်ပျူတာကို ပိတ် အကြောလေးဆန့်ပြီး ကန်တင်းမှာ သွားစားဖို့ ပြင်တော့သည်။
“ဒီနေ့ ထန်ယွမ် ရတယ်တဲ့။ ငါတော့ နှမ်းနဲ့ဟာ စားမယ်”
“ငါလဲ စားမယ်”
အစားအစာရွေးသည့် ကောင်တာနားတွင် ရဲပေါက်စလေးတွေ အုံခဲနေသည်။
ကွမ်ကျင် သူတို့နားမှ သူ့ပန်းကန်ကိုင်ပြီး ဖြတ်လျှောက်တော့ တစ်ချက်လောက် လှမ်းရှိုးလိုက်သေးသည်။ ထန်ယွမ်လား ဒီလို လုံးတုံးတုံးအစားအစာမျိုးက စားလို့ကော ရရဲ့လား? ပင်ပေါင်ဘောလုံးနဲ့တူတယ်…. မီးပန်းပွဲတော် ဆိုတာကို ဘယ်တုန်းကမှ မကြုံဖူးသည့် ကွမ်ကျင်မှာ ရိုးရာအစားအစာများနှင့် အလှမ်းကွာလှသည်။
အနားက ရဲမေလေး တစ်ယောက်က ထန်ယွမ် ကို အသာလေး ကိုက်ပြီးတော့ “အား၊ ပူလိုက်တာ” ထအော်လိုက်သည်။
……ကွမ်ကျင်မှာ အဲဒိ ထူးထူးဆန်းဆန်း အစားအစားကနေ ပိုတောင် ခပ်ခွာခွာ နေလိုက်တော့သည်။
XXXXXXXXXXXXXXXXX
သူ အိမ်ပြန်ရောက်တော့ လုယွင်ယွမ်က ပြန်မရောက်သေးပေ။ ရေလေးချိုး ဆိုဖာပေါ်မှာ ကွေးကာ ဖြစ်ရပ်မှန် မှုခင်းရှိုးကို ကြည့်နေလိုက်တော့သည်။
အချိန်တစ်ခု ကြာတော့ အခန်းသော့က ကလစ်ခနဲ မြည်ကာ ပွင့်သွားပြီး စုံနဖာစီ အိတ်ပေါင်းစုံ ကိုင်ကာ လုယွင်ယွမ် အိမ်ပြန်ရောက်လာသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023