အခန်း ၇၅

2.7K 561 13
                                    

Chapter 75 အခန်း ၇၅ ရေပြင်ကို ဖြတ်လို့ သဘောင်္ခရီး ၉

နောက်တစ်နေ့နံနက် ကွမ်ကျင် တဝါးဝါး သမ်းရင်း လက်ရန်းတွင် မတ်တပ်ရပ်ချိန်တွင်တော့ တော်တော်လေး နွေးထွေးလှသော ပင်လယ်လေညင်းလေး ခံစားမိသည်။

“သုံးရက်တောင် ရှိနေပြီဆိုတော့  အပူပိုင်းဒေသကို ဝင်တော့မှာ” လုယွင်ယွမ်က သူ့နောက်ကနေ တိတ်တိတ်လေး ကပ်လာကာ ကွမ်ကျင့်ခါးကို ရစ်သိုင်းဖက်ကာ သူ့မေးစေ့ကို ပခုံးပေါ်ကို လှမ်းတင်ပလိုက်သည်။

ကွမ်ကျင်မှာ တုန်တက်သွားကာ နည်းနည်းတောင် တွန့်ခနဲ ဖြစ်သွားလေသည်။ “ဟေ့.. မနက်ပိုင်းပဲ ရှိသေးတယ် လာကပ်မနေစမ်းပါနဲ့”

“မနေနိုင်ဘူး” လုယွင်ယွမ်က အရှက်မရှိ သရက်စိလုပ်ပြီး ထွက်သွားဖို့လဲ စိတ်ကူးမရှိပေ။ “ကိုယ်တို့ဆက်ဆံရေးက အများသဘောတူ ဖြစ်သွားပြီလို့ ထင်နေတာကို”

ကွမ်ကျင်က မသက်မသာနှင့် လှည့်လာကာ ပြန်ငြင်းဖို့ ပါးစပ်ဖွင့်လိုက်ပေမယ့် ဘာမှလဲ ပြန်မပြောနိုင်ဘူး ဖြစ်နေသည်။

“မောနင်းကစ်စ် လေး လိုချင်တယ်” လုယွင်ယွမ်က သူ့ကိုတောင် ဖိလိုက်သေးသည်။

“သွားမတိုက်ရသေးဘူး” ကွမ်ကျင်က တမင်ကို ပြောပစ်လိုက်သည်။

“ကို တိုက်ပြီးပြီ” ပြောပြီးသည်နှင့် လုယွင်ယွမ်က ကွမ်ကျင့်ပါးလေးကို ထိထိမိမိလေး နမ်းပလိုက်သည်။

တစ်ခါမှ ဒီလို အနမ်းမခံရဖူးသော ကွမ်ကျင်မှာ ဂုတ်ပိုးက မွှေးညင်းတွေတောင် ထောင်တက်သွားသည်။ “ခင်ဗျား အသက် ဘယ်နှနှစ်လဲ ကလေးလေးလား”

လုယွင်ယွမ်က သူ့လက်မောင်းကြားထဲ့ လူလေးကို အားရပါးရ ဆွဲပီး ဝေ့ဝိုက်ပစ်လိုက်ကာ “ဟုတ်တယ် ကလေးလေး။ လိုချင်တာ ရသွားရင် အရမ်းပျော်တာ”

ဘာကြီးတုန်းဟ ဘာကိစ္စ ငါတို့နားမှာ ပန်းရောင်တွေ လက်နေရပြန်တာတုန်း 

ကွမ်ကျင်က စိတ်ထဲမှာတော့ မကျေမနပ်တွေ ဖြစ်နေပေမယ့် သူ့မျက်နှာကတော့ သိသိသာသာကြီး နီရဲနေသည်။

“အား!!!!!!!!!”

… နှစ်ယောက်သာ အကြည့်ချင်း ဖလှယ်မိသွားလေသည်။ ဘာလို့ ဒီလိုအချိန်ဆို ဒီလိုကြီးပဲ ဖြစ်နေတာလဲ နည်းနည်းလေးတောင် ဖန်တီးဥာဏ်လေး ပိုမရှိတော့ဘူးလားလို့..

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now