အခန်း ၁၂၂ Still Waters and Bitter Cold ၁၅

864 163 2
                                    

အခန်း ၁၂၂ Still Waters and Bitter Cold ၁၅

ဝမ်ကျင်းဟန် ခြေထောက်မှ အနား တော်တော်လေး သက်သာလာချိန်တွင် ဟိုတယ်သို့ ပြန်ရောက်သွားသည်။ ဆေးရုံမှ ဆင်းချိန်တွင် ဆေးရုံကြီးကိုပဲ တအားတွေ ချစ်စိတ်တွေ ပေါ်လာပြီး အခန်းတံခါးကို ဖက်တွယ်ထားလို့ သူ့ကို လာကြိုသည့် ဘော်ဒီဂတ်တွေကတောင် သူ ဒဏ်ရာ ရတာ ခြေထောက် မဟုတ်ပဲ ခေါင်းပဲ ထိသွားတာလားလို့တောင် ထင်ကုန်ကြသည်။

ခေါင်းထိသွားတာ ဆိုလျှင်တောင်မှ သူကတော့ ဟိုတယ်ကို လုံးဝ မပြန်ချင်ပေ။ ပြန်လိုက်တာနှင့် ကျားပါးစပ်ထဲ ဝင်သွားသည့် သိုးလေးလိုပဲ အကောင်လိုက် အမြိုခံရမှာ အသေချာကြီးကို။ ဒီလိုနှင့် သူ ဟိုတယ်ကို ပြန်ရောက်ချိန်တွင် မြင်ရသည့် မြင်ကွင်းက ဒီလို ဖြစ်သွားသည်။

"ရေချိုးပြီးပြီလား"

"မချိုးဘူး။ ဆေးရုံ အနံ့ကို လွမ်းလို့။ ဆေးရုံက ပိုးသတ်ဆေးအနံ့တွေက အရမ်းစွဲတာပဲ"

"အကျီတွေ ချွတ်စမ်း"

"ထွက်သွား"

"...မင်းအောက်က ဘာကြီး ဝတ်ထားတာလဲ"

"ဆေးရုံက ဝတ်စုံလေ။ အဲဒိအရောင် သိပ်ကြိုက်တာ။ ဒိတ်အောက်ကြီး ပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးတယ်။ ရိုးပေမယ့် ဖက်ရှင်လဲ ကျတယ်။ ရဖို့ ခက်တာလေးပဲ ရှိတာ"

"...လာစမ်း တစ်ယောက်လောက်။ သူ့ ခြေထောက် ချိုးပြီး ဆေးရုံ ပြန်ပို့လိုက်"

"မလုပ်ပါနဲ့"

ဒီလိုနှင့် ဝမ်ကျင်းဟန် သူ့ခြေထောက်လေးသူ ကမန်းကတမ်း ပြန်ဖက်ထားရသည်။

မြို့စားကြီးက သူ့ကို ကော်ဇောပေါ်ကို တွန်းချကာ မေးစေ့ကို အသာဖျစ်ညှစ်လိုက်သည်။ "ပေါက်စလေး၊ ဒီလို မဟုတ်တမ်းတရားတွေ လုပ်တာနဲ့ မင်းကိုမင်း လွတ်ပြီ ထင်နေတာလား "

ဝမ်ကျင်းဟန်က အကြည့်လွှဲကာ "အဲလို တွက်ထားတာတော့ မဟုတ်ပေမယ့် ကံကောင်းသွားရင်လဲ ကောင်းသွားမှာပေါ့ မစမ်းကြည့်ရင် မသိနိုင်ဘူးလေ...."

"အပြောတော့ ကောင်းတယ်။ ငါ မစမ်းရင် ငါဘယ်သိပ့ါမလဲ... မှတ်တာပေါ့ ဒါလေးတွေကြောင့်ပဲ မင်းက သိပ်ထူးခြားတာ" မြို့စားကြီးက ဝမ်ကျင်းဟန်ကို ကောက်မကာ အာလူးအိတ်ကို ပစ်တင်သလို ကုတင်ပေါ်ကို ပစ်တင်လိုက်သည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now