အခန်း၄၂ ကျောင်းတွင်းသံသယ ၄

3.3K 693 7
                                    

Chapter 42  အခန်း ၄၂ ကျောင်းတွင်းသံသယ ၎

နောက်ဆုံးကျတော့ ကွမ်ကျင်တစ်ယောက် ညဘက်ကောင်းကောင်း အိပ်လို့ ပျော်သွားလေပြီ။ သူ့ဘေးနားမှာ လုယွင်ယွမ် ရှိနေတာတောင် ဘာလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရသလဲ ဆိုလျှင်တော့ ကွမ်ကျင်ကတော့ သူ့အပင်ပန်းလွန်သွားတာလို့ပဲ ကိုယ့်ကိုကိုယ် နှစ်သိမ့်သည်။ အင်းလေ.. အဲဒါပဲ ဖြစ်ရမှာ။

မနက်အစောကြီးထပြီး မနက်စာပြင် စားပွဲပေါ် သေချာပြင်ဆင်ပြီးမှ စာသင်ဖို့ အတန်းရှိရာကို သွားရသည့် လုယွင်ယွမ်မှာလဲ အလွန့်အလွန်ကို အခြေအနေကောင်းနေသည်။ မနက်မိုးလင်းလို့ သူမျက်လုံးဖွင့်လိုက်ချိန်တွင် ကွမ်ကျင်က သူ့အနားကို လှိမ့်ကာ ရောက်နှင့်နေပြီ။ ကွမ်ကျင်၏ ကြည်လင်ချောမောလှသော မျက်နှာလေးက သူ့ခေါင်းအုံးလေးနားလေးမှာ အိပ်နေတာ ပြီးတော့ သူ့ရဲ့ မက်ျတောင် ပါးပါးရှည်ရှည်လေးတွေက စုတ်တံလေးနှင့်တောင် တူကာ သူ့လက်ကိုတောင် ထိနေတယ်လို့ ပြောလို့ရသည်။ ဒီမြင်ကွင်းလေးကို ခဏလောက် ကြည့်အပြီးမှာတော့ ဒီလို မနက်ခင်းလေးမျိုးက တော်တော်လေးတော့ ကြည်နူးစရာကောင်းမှန်း လုယွင်ယွမ် သိလို့သွားသည်။ ဒါပေမယ့် လုယွင်ယွမ်ကတော့ ဒီအကြောင်းကို ကွမ်ကျင်ကို ပြောပြမှာတော့ မဟုတ်။ ဒီလို ကိစ္စကောင်းလေးတွေက တစ်ယောက်တည်း လက်ဝါးကြီးအုပ် ခံစားတာပဲ ကောင်းသည်။

“ဒီအဆောင်က အရမ်းရှည်တာ ပြီးတော့ ခြောက်ပိုင်းခွဲထားတယ်။ အေ ကနေ စီက ယောက်ျားလေးဆောင် ပြီးတော့ ဒီ ကနေ အက်ဖ် က မိန်းကလေးဆောင်။ စင်္ကြန်တိုင်းကတော့ ဆက်နေတာပဲ ဒါပေမယ့် အုပ်ချုပ်ရေးပိုင်းက တစ်ပိုင်းနဲ့ တစ်ပိုင်းကြားက တံခါးတွေကို အမြဲသော့ခတ်ထားတယ်။ ဒီတော့ အပိုင်းတစ်ပိုင်းစီက သီးခြားအဆောင်တွေလိုပဲ ” ဝမ်ကျင်းဟန်နှင့် ချန်ချောင်ယွီကို လှေခါးပေါ်ကို ဦးဆောင်တက်နေစဉ်တွင် အမျိုးသမီးအဆောင်ကြီးကြပ်က ရှင်းပြနေသည်။ “အခု အဆောင်က ‘ဒီ’အပိုင်း ရောက်နေတာ။ အနုပညာ၊ နိုင်ငံခြားဘာသာစကား နဲ့ ဇီဝဆောင်က မိန်းကလေးတွေ ဒီမှာနေကြတယ်”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now