အခန်း ၁၁၉ Still Waters and Bitter Cold ၁၂
ဗီလာအနောက်ဖက်ရှိ ကွင်းပြင်အလွတ်တွင် လူတစ်စု မတ်တပ်ရပ်နေကြသည်။ အလယ်ခေါင်တွင်တော့ ပိန်ပေမယ့် ကြွက်သားများနှင့် လူငယ် တစ်ယောက်ကို တိုင်တစ်ခုတွင် ချည်နှောင်ထားသည်။
"အို့၊ တယ်စည်နေပါလား၊ တားဂတ်အရှင်နဲ့ ပစ်နေကြတာလား" ဝမ်ကျင်းဟန် အမူအယာက စိတ်ဝင်စားလာကာ သူ့ကြည့်ရသည်မှာ တစ်ချက်လောက် ဝင်ပစ်ချင်နေပုံ ရသည်။
"မြို့စားကြီးကို နှောင့်ယှက်လို့ ဘယ်ဖြစ်မှာလဲ။ ဒါပေမယ့် ဒီသောက်ရူးက ဟင်းပွဲတွေကို ဝင်ရှုပ်သွားတော့ ဘယ်လိုမှ သီးခံလို့ မရတော့လို့။ မြို့စားကြီးလဲ ရောက်နေမှတော့ သူ့ကို ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ပေးလို့ရတယ်" စကားပြန်က လီကျား၏ စကားကို ဘာသာ ပြန်ပေးသေည်။
မြို့စားကတော့ တိုင်တွင်ချီထားသော သူကို တစ်ချက်ကြည့်ပြီး "ဒါ မင်းကိစ္စလေ၊ ငါ စိတ်မဝင်စားဘူး"
အချည်ခံထားရသူက ဒေသသံ ပါနေပေမယ့် တော်တော်လေး သွက်လက်သည့် အင်္ဂလိပ်စာနှင့် ရုတ်တရုတ် ထပြောသည်။ "ငါ မဟုတ်ဘူး။ လီကျား မင်း ငါ့အစ်ကိုရဲ့ အာဏာကို ပြန်ယူချင်တာနဲ့ ငါ့ကို လာချောက်မချနဲ့"
လီကျားက ရယ်ကာ "မင်းချန်၊ ဒီလို အချိန်ကြီးမှာ ပေါက်တီးပေါက်ရှာတွေ လာပြောမနေနဲ့။ ဝင်ခွင့်မရှိပဲ မီးဖိုချောင်ထဲကို ဝင်တာ မင်းတစ်ယောက်ပဲ ရှိတာ။ မင်းအစ်ကိုကို ဆွဲထည့်မနေနဲ့။ မြို့စားကြီးရဲ့ စားသောက်ပွဲကို နှောင့်ယှက်ရင် မင်းအစ်ကိုတောင် မင်းကို မကယ်နိုင်ဘူး"
နှစ်ယောက်သား အော်ကြီး ဟစ်ကျယ် စကားများကြသည်။ အဲဒိအချိန်မှာ မြို့စားက ဘေးတစ်ဖက်တွင် ရပ်ကာ ခြံထဲက အပင်တွေကို ကောင်းကောင်း ရှုစားနေကာ သူတို့ကို အဖက်တောင်မလုပ်ပေ။ ဝမ်ကျင်းဟန်ကလည်း သူတို့ကို ခဏလောက် ကြည့်ပြီးသည့် အချိန်မှာတော့ အကြံတစ်ခု ဖျတ်ခနဲ ရလာသည်။
သူ က အသာလေး ပြုံးကာ ကိုယ့်ကိုကိုယ် အကြာကြီး ချုပ်တည်းထားရမှတော့ ဒါကမှ ပေါက်ကွဲဖို့ အခွင့်ကောင်းပဲလေ။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023