Chapter 37 အခန်း ၃၇ နတ်မိမယ်လေးများ သေဆုံးခြင်း ၁၇
တစ်ဖက်ပိတ်မှန်ကနေ ကွမ်ကျင် ထိုင်ခုံမှာ ကျုံ့ဝင်တော့မတတ် ထိုင်နေသည့် ယုမုန်ကို ကြည့်နေသည်။
“သူ အရမ်းကြောက်နေတာကို ဘာလို့ အသက်စွန့်ပြီးတောင် လုပ်နေသေးတာလဲ။ စိတ်ရောဂါ ရှိနေတာလား”
“မဟုတ်ဘူး။၊ လူဝင်မဆန့်ရုံပဲ။ သာမာန်လူနဲက စိတ်ဝေဒနာရှင်ကြားထဲက စိတ်အခြေအနေမျိုး။ သူက လုပ်ဆောင်ချက်တွေ အားလုံးကို လုပ်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးက သာမာန်အခြေအနေကနေ လွှဲသွားရင်တော့ သာမာန်လူတွေနဲ့ ကွာခြားတဲ့ အချို့အမူအကျင့်လေးတွေနဲ့ စာရိတ္တပိုင်းအမူအကျင့်လေးလေးတွေ ကို ရောက်သွားတတ်တယ်။ ကိုယ့် အရင်ကဆန်းစစ်ချက်မှာ အမှားလေးတွေ ရှိသေးတယ်။ ယုမုန်က ကစဥ့်ကလျား ကိုယ်ရည်ကိုယ်သွေး ချို့တဲ့ခြင်း (Schizoid Personality Disorder) ရှိနေတယ်။ တဖက်သားကို သံသယလွန်ကဲတာလေး နည်းနည်းနဲ့ စိတ်ခံစားမှုနဲ့ ပါတ်သတ်တဲ့ အတွေ့အကြုံတွေ မရှိဘူး ဖြစ်နေတယ်။ သူ့ရဲ့ ကိုယ့်ကိုကိုယ် နှိမ့်ချတတ်တာက သူ့ကိုယ်တိုင်ကြောင့်ပဲ ဖြစ်လာတာ။ သူများတွေကြောင့် မဟုတ်ဘူး။ သူက အခြားသူတွေနဲ့ မတူဘူး။ ဒီတော့ လူ့အသိုင်းအဝိုင်းနဲ့ ဆက်ဆံရမှာကို ရှောင်တိမ်းလိုက်ရော။ သူ့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ နေပြီးတော့ တစ်ခါတစ်လေ စိတ်ကူးနဲ့ လက်တွေ့ကို ရောထွေးနေတယ်။ သူ့ကို ဖမ်းမိသွားတော့ သူ့စိတ်ကူးထဲက စိတ်ကူးယဉ်ကမ္ဘာက ရုတ်တရတ် ပြိုလဲသွားတာကို လန့်သွားတဲ့ စိတ်က ပိုများလိမ့်မယ်။ ဥပဒေကနေ အပြစ်ပေးတာကို ကြောက်နေလို့ မဟုတ်ဘူး။”
အခန်းတွင်းတွင်တော့ ချန်ချောင်ယွီ နှင့် ကူရှန်းတို့က သူ့ကို စစ်မေးနေတာ အချိန်ပင် ကြာလှရှိနေပြီ။ သို့သော် ယုမုန်ကတော့ စကားပြောဖို့ကို ငြင်းဆန်နေဆဲပင်။ ချန်ချောင်ယွီက ဒေါသ ထွက်လာကာ ဆူပူကြိမ်းမောင်းသည့် အဆင့်တောင် ရောက်သွားသည်။
“င့ါကို စကားပြောခွင့်ပေး” လုယွင်ယွမ်က ဝမ်ကျင်းဟန်ဆီကနေ ခေါင်းညိမ့်တာကိုတောင် မစောင့်ပဲ အထဲကို ဝင်သွားသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023