အခန်း ၁၂၃ Still Waters and Bitter Cold ၁၆

1K 166 2
                                    

အခန်း ၁၂၃ Still Waters and Bitter Cold ၁၆

ဟိုတယ်တွင် နေနေရသည့် ရက်ပိုင်းအတွင်း ဝမ်ကျင်းဟန်ကလည်း မြို့စားကြီးကို မမြင်ရသလို မြို့စားကလည်း သူအစောပိုင်းက ပေးထားသည့် သတင်းကို သိပ်အများကြီး တွေးထားပုံလဲ မရတာမို့လို့ သူ ဘာတွေ တွေးနေသလဲ ဆိုတာကို ဝမ်ကျင်းဟန် တွေးရခက်ကြီး ဖြစ်နေသည်။

တစ်မနက်မှာတော့ မြို့စားကြီးက ဝမ်ကျင်းဟန်နှင့် အတူ မနက်စာစားဖို့ အချိန်ပေးလာသည်။ ဝမ်ကျင်းဟန်ကလဲ ရသည့် အခွင့်အရေး လက်လွှတ်မခံပဲ တွန်းတွန်းတိုက်တိုက် လုပ်ဖို့ ဆုံးဖြတ်ထားသည်။

မနက်စာ စားပြီးနောက် မြို့စားကြီးက ဆိုဖာတွင်ထိုင်ကာ အေးစက်စက် ဘယ်သူ့မှ လူမထင်သည့် ပုံနှင့် သတင်းထိုင်ဖတ်နေသည်။ ဝမ်ကျင်းဟန်ကိုလဲ မျက်လုံးထဲကို မထည့်တာများ ဟိုတစ်ညက ဖြစ်ခဲ့တာတွေက အိမ်မက်ပဲ မက်ခဲ့သလိုလို။

ဝမ်ကျင်းဟန်နှုတ်ခမ်းက ကွေးတက်သွားသည်။ သူ စိတ်မဝင်စားတော့သည့်အထိသာ သူ့စူးစမ်းချင်စိတ်ကို ဖြည့်ပေးရမည့် ပုံပဲ။ ဝမ်ကျင်းဟန်ကတော့ ဒါကို ဝမ်းပဲ သာရမလား ဝမ်းပဲနည်းရမလားတောင် မသိတော့ပေ။ ဝမ်ကျင်းဟန်ကလည်း သတင်းစာ တစ်စောင်ကို ကောက်ကိုင်ကာ စကားစ ဘယ်လို ရှာရမလဲ လို့ တွေးရင်း မျက်နှာကို သတင်းစာနှင့် ကွယ်လာသည် ရုတ်တရတ် သတင်းစာပေါ်က အကြောင်းအရာမှာ သူ မျက်လုံးတောင် ကျယ်ထွက်သွားရသည်။

"ငါတို့ က အခု စင်္ကာပူမှာလား" ဝမ်ကျင်းဟန်က တအံ့တသြနှင့် သတင်းစာ ချကာ မေးလိုက်သည်။

မြို့စားကြီး သူ့ကို မျက်စိအစါန်းကနေ ဖြတ်ခနဲ လှမ်းကြည့်ပြီးမှ သတင်းစာဆီ မျက်စိ ပြန်ရောက်သွားသည်။ "ဟုတ်တယ်။ ရောက်နေတာတောင် ကြာလှပြီ အခုမှ သိတာလား။ မင်းမဟုတ်တဲ့ အတိုင်းပဲ"

"ငါက ဂျီပီအက်စ် မှ မဟုတ်တာ" ဝမ်ကျင်းဟန်က ပြန်ပက်လိုက်သည် "မင်းတောင် ငါ့ကို အချိန်မပေးနိုင်လောက်အောင် အလုပ်တွေ အရမ်းရှုပ်နေတာ။ ငါ့ကို အပြင်မှာ လျှောက်သွားခွင့်လေးများ မပေးချင်ဘူးလား? ငါ့နောက်ကို မင်းလူတွေ ထည့်လိုက်လဲ ရပါတယ်။ ငါကလဲ ကိုယ်ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်းသိတဲ့သူဆိုတော့ ထွက်ပြေးဖို့တို့ အပြင်က လူတစ်ယောက်ယောက်နဲ့ ဆက်သွယ်ဖို့တို့ လုပ်မယ့်သူမဟုတ်ဘူးဆိုတော့ မင်းလဲ စိတ်ပူနေစရာ မလိုဘူး"

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now