အခန်း ၇၁ ပင်လယ်ပြင်မှ ရေလမ်းခရီး ၅

2.4K 528 19
                                    

Chapter 71 အခန်း ၇၁ ရေပြင်ကို ဖြတ်လို့ သဘောင်္ခရီး ၅

ခန်းမထဲမှ လူများကို သေချာလေး လေ့လာချင်သေးမှတော့ ကွမ်ကျင် ခန်းမထဲတွင် ဆက်နေလိုက်သည်။ သို့သော်လည်း ဘာကြောင့်မှန်းတော့ မသိရပါပဲ သူ့ထိုင်ခုံက ဆူးတွေ စူးနေသလိုမျိုး ထိုင်ရတာ ဟိုစစ်စစ် ဒီစစ်စစ် ဖြစ်နေသည်။

ထားလိုက်တော့ သူလဲ ဒီနေ့တော့ စိတ်တွေလဲ ပြိုင်းနေပြီဆိုတော့ သွားအိပ်ဖို့ လိုနေပြီ။

ကွမ်ကျင်က ဒုတိယထပ်က သူ့အိပ်ခန်းကို သူ့ဘာသာသူပဲ ပြန်သွားသည်။ သူ့ညာဖက်ကပ်လျက် လုယွင်ယွမ်အခန်းကို ဖြတ်မိချိန်တွင် ပြတင်းပေါက်ကို ချောင်းမိတော့ အဲဒိမှာ ငွေရောင်အလင်းရှိမနေပေ။

အိပ်သွားပြီလားဟ၊ ကျွတ်..ကျွတ်… ယောက်ျားရင့်မာကြီးက ဒီလိုလဲ ဒေါသထွက်တတ်သေးတယ်ပေါ့။ ဒါပေမယ့်… သူ ဘာလို့ ဒေါသထွက်သွားတာလဲ? ကွမ်ကျင့် ဝေခွဲမရ ဖြစ်နေသည်။ သူ့မှာ မှုန်သုန်သုန်နှင့် သူ့အခန်းကို ပြန်သွားတော့သည်။

ဒီနေ့ သူတွေ့ခဲ့တဲ့ သူတွေက ဘယ်လို မျက်နှာဖုံးမျိုး ဝတ်ထားကြတာလဲ ? မျက်နှာဖုံးနောက်မှာ သွေးလွှမ်းနေတဲ့ ပါးစပ်တွေလာ ချိုသာတဲ့ အပြုံးတွေလား? အဲဒိ သောက်ရေးမပါတဲ့ လုယွင်ယွမ်က သူကမိသားစုကြီးပါ ခေါ်ချလာတယ်။ ဒီမှာ ဒီလောက် ရှုပ်ထွေးနေတာ မလုံလောက်သေးလို့လား? သူပဲ ကွမ်ကျင့်ကို သဘောင်္ပေါ် ပါအောင် ခယပြီး ခေါ်လို့ သူပါ လာတာလေ ဒါကို သူက စိတ်လုပ် ရဲသေးတယ်လား သောက်ရေးမပါချက်က.. စိတ်ထဲ မထားနဲ့ သူ့အကြောင်း တွေးမနေနဲ့ တွေးရင်းနဲ့ ရင်တောင် နာတယ်။

သူ ဘယ်ကနေ စသင့်လဲ သူ့မဟာမိတ်ကို အရင် ရှာရမလား ရန်သူကို အရင်ရှာရမလား။ မဟာမိတ်ကို အရင်ရှာချင်လျှင် သဲလွန်စလေး နည်းနည်း အရင်ချမှ ရမယ် ဒပေမယ့် သူက ရန်သူကို အရင်ရှာမယ် ဆိုရင်တော့ တတ်နိုင်သမျှ မထင်ပေါ်အောင် နေသင့်တယ်။ ကံကောင်းစွာနဲ့ သူက ဒီ လှေပေါ် ရောက်အောင် တစ်လွဲမလုပ်မိလို့ မဟုတ်လို့ကတော့ သူနဲ့ သိတဲ့သူတွေနဲ့ အကုန်ပေါ်ကုန်မှာပင်။ သို့သော်လဲ ရဲတွေက စကားလုံးတွေနှင့် ပတ်သတ်လျှင် ဆတ်ဆတ်ထိမခံသူတွေဆိုတော့ သူ လုယွင်ယွမ်၏ ချစ်သူအစြဖ် ဟန်ဆောင်တာက ဒီပွဲကို တက်ရောက်ဖို့အတွက် အကြောင်းပြချက်ကောင်းပဲ။  ငါ ဒီလောက်တောင် စတေးထားရတာ လုယွင်ယွမ် ကျေးဇူးတောင် တင်သင့်နေပြီ။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedKde žijí příběhy. Začni objevovat