အခန်း ၂၃ နတ်မိမယ်လေးများ သေဆုံးခြင်း ၃

4.9K 821 16
                                    

Chapter 23 အခန်း၂၃ နတ်မိမယ်လေးများ သေဆုံးခြင်း ၃

သူတို့နှစ်ယောက် ရုံးပြန်ချိန်တွင် နေ့ခင်းနှစ်နာရီတောင် ဖြစ်လို့နေပြီ။ အခြားသူတွေလဲ ပြန်ရောက်နေပြီ ဖြစ်ကာ မှာထားသောအစားအသောက်များကို အသဲအမဲ စားသောက်နေသည်။

တင်တင်က စားနေရင်းနှင့် ပွစိပွစိလုပ်နေသည်။ “ဗိုက်ဆာနေတာ… အဲဒိဆရာဝန်တွေက နည်းနည်းလေးပဲ ပြောပြီး နည်းနည်းလေးတောင် ရှင်းရှင်းလေး မပြောနိုင်ကြဘူး”

“မင်းတို့တွေ စားပြီးပြီလား” ကူရှန်းက အခုမှ ဝင်လာသည့် ကွမ်ကျင်နှင့် အခြားသူတွေကို မေးလိုက်သည်။

ကျန်းဖေးက သူ့ပါးစပ်ကို သုတ်ကာ “ ဟာ့.. ငါတို့က လမ်းစုံနာက ယွီရှမ်းဆိုင်မှာ စားလာတာ”

“သိပ်မိုက်နေပါလား” လင်းပိုင်က အော်ဟစ်တော့သည်။

“ပရောဖက်ဆာ၊ ကျွန်မတို့ကို လိုက်မကျွေးချင်ဘူးလား” ချန်ချောင်ယွီက မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်ပြနေသည်။

မျှော်လင့်တကြီး အကြည့်လေးတွေကလည်း ချက်ချင်းကို လုယွင်ယွမ်ပေါ် ကျရောက်သွားသည်။

“အခုတော့ အားလုံးရဲ့ အချိန်ကို မဖြုန်းရဲသေးဘူး ဒီနေ့ကလဲ ဗိုက်ပြည့်ရုံ မြန်မြန်စားလာတာပါ။ အမှုပြီးသွားမှ အားလုံးကို သေချာ လိုက်ကျွေးမယ်” 

လူတိုင်း ရွှင်မြူးသွားသည်။

“အို.. ကြည့်ရတာ လိုက်ကျွေးဖို့ ဝန်ထုတ်ကြီးကို တစ်ယောက်ယောက်က ယူသွားပြီးပုံပဲ။ လူသစ်တစ်ယောက် ရလိုက်တာ တော်တော်ကောင်းတာပဲ” ဝမ်ကျင်းဟန်က သူ့အခန်းထဲက ထွက်လာသည်။

“ငါနဲ့ ဒီလို လာမပြိုင်နဲ့လေ။ ငါက အခုမှ အသစ်ရောက်တာ ဆိုတော့ အားလုံးကို ကျေးဇူးတင်တဲ့ အနေနဲ့ လိုက်ကျွေးမှာ နောက်ပိုင်းစားဖို့ကတော့ ခေါင်းဆောင်ကြီး ဖြစ်တယ့် မင်းကပဲ ငါတို့ကို လိုက်ပြုစုရမှာပေါ့” လုယွင်ယွမ်က ပြုံးပြလိုက်သည်။

“ကဲ ကဲ.. စကားပြောတာလေးတွေ လုံလောက်သွားပြီ။ အားလုံး ဘာတွေ သိလာလဲ ဆိုတာ ပြောတော့”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now