အခန်း ၁၀၃ စတူဒီယိုမှ အထိတ်တလန့် ၁၃

1.9K 380 10
                                    

Chapter 103 အခန်း ၁၀၃ စတူဒီယိုမှ အထိတ်တလန့် (၁၃)

“နင်တို့ စုံစမ်းတာကော ဘယ်လိုလဲ” တင်တင်နှင့် ကူရှန်းတို့ ဝင်လာတာ မြင်တော့ ကွမ်ကျင် မေးလိုက်သည်။ 

“အောင်မြင်တယ်” တင်တင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ထင်ထားသလိုပဲ အစတုန်းက ငါတို့ အေဂျင်စီက လူမရှိတော့ ဘာမှတ်တမ်းမှ ရှာမရဘူး။ ဒါပေမယ့် အလွတ်တမ်းအေးဂျင့်တွေနဲ့ အကြီးတန်းအလုပ်သမားတွေ ဆီကနေတော့ အဖြေတွေ ရလာတယ်”

“အဲဒိတော့ လူသတ်သမားက ဒီလောက် အကြာကြီး သီးခံနေပြီးတော့မှ ဘာလို့ အခုမှ ကောက်ကပ်ထပြီး ကလဲ့စားလာချေတာလဲ ”ဟု ချန်ချောင်ယွီက မေးလိုက်သည်။

“ဘာ့ကြောင့်လို့ဆိုတာ ဘယ်တော့မှ ခန့်မှန်းလို့ ရမှာတောင်မဟုတ်ဘူး” တင်တင်က ပဟေဌိ ဖွက်သလို ခဏရပ်လိုက်သည်။

“လုပ်မယ့်အကြံရှိနေတာနဲ့တင် ရနေပြီ။ အသေးစိတ်အတွက်ကတော့ သူ့ကို ဖမ်းပြီးမှ မေးလို့ရတာပဲ” ဝမ်ကျင်းဟန်က သူတို့ ပြောနေတာကို ဖြတ်ပြောလိုက်သည်။ “အခု ငါတို့ စဉ်းစားဖို့ လိုတာက တွင်းထဲက ထွက်လာအောင် ဘယ်လို မြှားခေါ်ရမလဲ ဆိုတာပဲ”

“လူသတ်သမားက ယန်ချင့်ကို စက်ဆုပ်နေတာ ပြီးတော့ သူ့မှာ ရှိသမျှကိုလဲ လိုက်ဖျတ်ဆီးချင်နေတာ။ အကယ်လို့သာ သူ့ကြိုးစားထားသမျှက သဲထဲ ရေသွန်ဖြစ်သွားတာ သိသွားမယ် ပြီးတော့ ယန်ချင်ကလဲ အဲဒါကြောင့် မထိခိုက်နိုင်တော့တာ သိသွားမယ်ဆိုရင် လူသတ်သမားက ဘာလုပ်မယ်လို့ ထင်လဲ” ကွမ်ကျင်က ယုတ်မာကောက်ကျစ်ဖို့ ချောင်းနေသည့် မြေခွေးဆိုးကြီးလို မေးလိုက်သည်။

“… မျှော်လင့်ချက် မရှိတော့သလိုမျိုး ထလုပ်မှာပေါ့”

“ဒါဆို ငါတို့ ဘယ်လို လုပ်သင့်လဲ? အခုချိန်မှာတောင် လူတွေ လျှောက်ပြောတာ ရပ်အောင် ယန်ချင့် ကုမ္ပဏီက လုပ်ဖို့ ခက်နေတာ။ အွန်လိုင်းမှာလဲ သူ လူသတ်သမား ဇာတ်ရုပ်ရောက်အောင် ဘယ်လိုမျိုး စိတ်သွင်းလိုက်သလဲဆိုပြီး အမျိုးမျိုး ထင်ကြေးတွေ ပေးနေကြတာ။ ပြောလိုက်ကြတာများ သူက နတ်သက်ကြွေလာတဲ့ နတ်သားလေးတို့။ ပြီးတော့ အင်တာတိန်းမန့်လေကကြီးရဲ့ နောက်ဆုံး စမ်းရေကြည်လေးက နောက်ကျိသွားပြီတို့ ဘာတို့…” လင်းပိုင်က သူသိတာတွေ ပြောချသွားသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now