အခန်း ၉၇

2.1K 405 10
                                    

Chapter 97 အခန်း ၉၇ စတူဒီယိုမှ အထိတ်တလန့် (၇)

“သေတဲ့ အချိန်ကနှစ်နာရီ ကျော်နေပြီ” သေမှုသေခင်းအရာရှိ က ခပ်ရှင်းရှင်းလေး စစ်ကြည့်လိုက်တာနှင့် ချက်ချင်း အဖြေထွက်လာသည်။ “သူ့လည်ပင်းက ကြိုးရာနဲ့ မျက်လုံးက သွေးတွေထွက်နေတာကို ကြည့်တာနဲ့ သေတဲ့ အကြောင်းအရင်းက အသက်ရှူကြပ်တာ ဆိုတာ ဖြစ်နိုင်ချေရှိတယ်။ အသေးစိတ် ရလဒ်ကိုတော့ နည်းနည်းလောက် ပိုစစ်ကြည့်မှပဲ ပြောလို့ ရမယ်”

ဝမ်ကျင်းဟန်က သေမှုသေခင်းအရာရှိကို ကျေးဇူးတင်စကား ပြောပြီးတော့ လီဖန်ရှိရာကို သွားကြည့်လေသည်။ လီဖန်က ကြိုးတစ်ချောင်းကို ကိုင်ကာ အသေအချာ လေ့လာနေသည်။

“ဒါ လူသတ်လက်နက်လား”

“အသတ်ခံရတဲ့ သူရဲ့ လည်ပင်းက အရာနဲ့တော့ တူနေတယ် ဒါပေမယ့် နောက်မှ သေချာလေး ယှဉ်ကြည့်ရဦးမယ်”

လီဖန်က တံခါးကို လှမ်းကြည့်ကာ “တမင်သက်သက်ကြီး တံခါးမှာ ချည်ခဲ့တာ ကြီးကတော့… တော်တော် ဂေါက်ကြောင်တဲ့ လူသတ်သမား”

“အသတ်ခံရတဲ့သူနဲ့ အစမ်းလေ့ကျင့်ဖို့ ချိန်းထားတာ သိတဲ့သူ ဘယ်နှယောက် ရှိလဲမသိဘူး” ယန့်ချင့် မျက်နှာမှာ လန့်လို့ ဖြူဖျော့နေသေးတာကို မြင်တာနှင့်တင် ချန်ချောင်ယွီ၏ လေသံက နူးညံ့သွားသည်။ အနားက ရှောင်ဒူကတော့ ရေနွေးတစ်ခွက်ကို ကိုင်ကာ တုန်ရီနေသေးပေမယ့် ယန်ချင့် အနားမှာပဲ နေဖို့ကိုတော့ ဆုံးဖြတ်ထားသေးသည်။

ယန်ချင်က နားထင်ကို အသာနှိပ်ကာ “အဲဒိတုန်းက သူက အသံကျယ်ကျယ်နဲ့ပြောလိုက်တော့ အမားက လူတွေအားလုံးတော့ ကြားတယ်”

“နေလို့ ကောင်းရဲ့လား။ ကျွန်မတို့ကလဲ လိုတာလေး တိတိကျကျ ရဖို့ ခပ်မြန်မြန်လိုနေတာ”

“ရပါတယ်။ ခေါင်းလေး နည်းနည်းကိုက်ယုံလေးပါ။ မေးစရာ ရှိတာ အကုန်မေးလို့ ရပါတယ်။ ကျွန်တော်ကလဲ စုံစမ်းနေတာကို အနှောင့်အယှက် မဖြစ်စေချင်ဘူးရယ်”

“သူ့ကို နောက်ဆုံးအကြိမ် မြင်လိုက်ရတာ ဘယ်တုန်းကလဲ”

ယန်ချင်က သေချာ ပြန်စဉ်းစားပြီးတော့ “နှစ်နာရီလောက်တုန်းက သူ့နောက်ဆုံးအခန်းပြီးသွားတုန်း ကတည်းက မတွေ့ရတော့တာပဲ။ ကျွန်တော်က ရိုက်စရာ အခန်းတွေ ရှိနေသေးတယ်လေ အဲဒိတော့ အခြားဘာကိုမှ သိပ်အာရုံမထားမိဘူး”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now