Chapter 106 အခန်း ၁၀၆ နှစ်သစ်ကူးအကြိုည အပိုင်းနှစ်
တဖြည်းဖြည်းနှင့် ကိစ္စတွေက သူထိန်းချုပ်လို့ မရတော့ဘူးလို ကွမ်ကျင် ခံစားလာရကာ သူ့ရင်ထဲမှာလဲ တစ်ခါမျှမခံစားဘူး ထိတ်လန့်မှုက ကြီးစိုးလာသည်။
“လုယွင်ယွမ် ခင်ဗျား ကြောင်သူတော် ကြွက်သူခိုး၊ လမ်းဆုံးအထိ မသွားပါဘူး ဘာမှ မလုပ်ပါဘူးလို့ ပြောထားတာ ဘယ်သူလဲ” ကွမ်ကျင်က သူ့အပေါ်က လူကို စိုက်ကြည့်ပလိုက်သည်။
လုယွင်ယွမ်၏ အကြည့်တွေက သူ့ကို လောဘတကြီးသာ စိုက်ကြည့်နေကာ နည်းနည်းလေးမှတောင် မယိမ်းယိုင်သွားပဲ အပြစ်ကင်းစင်လှပါသော အပြုံး ပြုံးကာ “ဒီနေ့ မလုပ်ဘူးလို့ပဲ ပြောတာလေ။ ဒါပေမယ့် အခု သန်းခေါင်ကျော်သွားပြီ ဆိုတော့ ဒါ နောက်တစ်ရက်ပဲ”
“……..” ဒါကြီးက ဖြစ်ရော ဖြစ်သင့်လို့လား
“ရှောင်ကျင် မင်းလဲ ယောက်ျားတစ်ယောက်ပဲ ပြီးတော့ ယောက်ျားတွေဆိုတာ အချင်းချင်း ပြတ်သားရမယ်လေ ဟုတ်တယ်မလား မဟုတ်ရင်က ကိုယ်က မင်းကို အလေးမထားဘူးလို ခံစားနေရမှာပေါ့”
“….” ဘာလို့ သူပြောတာ အမှန်တွေ ဆိုတဲ့ ပုံစံ လုပ်နေတာလဲ ဒါပေမယ့် သူကတော့ ပိတ်ထုချင်နေတုန်းပဲနော်။
“လိမ်လိမ်မာမာနဲ့ လှဲနေစမ်းပါ။ ကိုယ် ခပ်သာသာပဲ လုပ်မှာပါ…” လုယွင်ယွမ်က ခပ်မြန်မြန် ခေါင်းငုံ့ကာ ကွမ်ကျင်ကို နမ်းလိုက်ပြီး သူ့လျှာကိုပါ အထဲကို လျောတိုက်လိုက်သည်။
အွန်း….. လျှာနှစ်ခုက ရစ်ပတ်သွားပြန်သည်။
သူတို့၏ နှုတ်ခမ်းလွှာများက အချင်းချင်း တင်းကြပ်စွာ ဖိကပ်ထားကာ အသက်ရှူဖို့ နေရာလေး တစ်နေရာတောင်မှ မချန်ရစ်ပေ။ လုယွင်ယွမ်၏ လက်များမှာလဲ ကွမ်ကျင့် ခန္ဓာကိုယ်၏ နေရာတိုင်းကို မီးပွင့်လောက်အောင်တောင် လုံလောက်လှသည်။ သူ့ရဲ့ ယခင် စမ်းသပ်ချက် အရ ကွမ်ကျင်၏ အထိမခံနိုင်သော နေရာများကို သူသေချာမှတ်မိထားပြီးဆိုတော့ ကွမ်ကျင့်ကို မထိန်းနိုင်လောက်အောင်ကို တုန်ရီသွားစေသည်။
“အား…..” ကွမ်ကျင် ထိန်းထားသမျှ လွှတ်ချလိုက်လေပြီ. သူ့မှာ ကုန်းပေါ်တင်နေသည့် ငါးတစ်ကောင်လို အသက်ကို ပြင်းပြင်းရှိုက်နေရသည်။
![](https://img.wattpad.com/cover/283760726-288-k63832.jpg)
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023