အခန်း ၄ ပွဲဦးထွက် ၂
ကွမ်ကျင် တောင်ပူစာတစ်လုံးလို ပုံထပ်နေသည့် လူပျောက် အမှုတွဲအဟောင်းတွေကို ကြည့်ပြီး မင်သက်သွားသည်။ ခဏနေတော့မှ အားလျော့လျော့နှင့် “ခင်ဗျားတို့တွေ ဒီအမှုကို နှစ်မကုန်ခင်အထိများ လုပ်သွားကြမှာလား”
“ဟမ်?” လင်းပိုင် က နားမလည်လိုက်ပေ။ “ဘယ်လိုလုပ် ဟုတ်ကမှာလဲ? ငါတို့ အဖွဲ့က ပြိုင်ဖက်ကင်း သီးခြားလက်ရွေးစင်တွေ ပါနေတာ စပြီး ဖွဲ့စည်းလိုက်ကတည်းက ငါတို့ ဘယ်တုန်းကမှ အမှုတစ်ခုကို ဘေးဖယ်ထားတာမျိုး မလုပ်ဘူး ပြီးတော့ အဲဒါတွေကို သုံးလအတွင်း ဖြေရှင်းလိုက်တာချည်းပဲ ”
“ဒါဆို ငါ့ကို ဒီဟာတွေ အားလုံး သုံးလအတွင်း ဖတ်နိုင်လိမ့်မယ်လို့ ထင်လား”
“… အာ ဟုတ်သားပဲ မင်းက အတိတ်မေ့နေတာ”
“ငါ အတိတ်မမေ့ရင်တောင် အကုန်လုံးတော့ ငါ မဖတ်နိုင်ဘူးလေကွာ”
“မင်း မှတ်ဥာဏ်တွေ မပျောက်ခင်တုန်းက ငါတို့ရဲ့ အမှုတွဲတွေ အကုန်လုံးကို မင်း အလွတ်ရွတ်ပြနိုင်တယ်လေ။ မင်းက သက်ရှိဖိုင်တွဲကြီးပဲ။ ကွန်ပျူတာထက်တောင် ပိုသာသေးတယ်။” လီပိုင်က သူ့ကွန်ပျူတာကို ပုတ်ရင်း ပြောလိုက်သည်။
ကွမ်ကျင်က ဆက်လက် မင်သက်လို့ သွားသည်။
“ဟာ့၊ မင်း အတိတ်မေ့သွားပေမယ့် မင်းရဲ့ ဓါတ်ပုံရိုက်သလို မှတ်မိနေတဲ့ စွမ်းရည်တော့ မင်း မမေ့သွားနိုင်ဘူး မလား ဟုတ်တယ်မလား”
“ဓါတ်ပုံရိုက်သလို မှတ်ဥာဏ်လား? မင်းပြောချင်တာ ကွမ်. မဟုတ်ဘူး၊ ငါက ဓါတ်ပုံရိုက်လိုက်သလိုမျိုး မှတ်ဥာဏ်ရှိတယ်လို့လား”
“ဒါပေါ့၊ ငါတို့တွေက ရဲတပ်ဖွဲ့ထဲက အတော်ဆုံးလက်ရွေးစင်အဖွဲ့ပဲဟာ ငါတို့အားလုံးမှာ ထူးခြားတဲ့ စွမ်းရည်လေးတွေ ရှိတာပေါ့ကွ” လင်းပိုင်က သူ့မေးစေ့ကို စိတ်ပူပန်နေသလို ပွတ်သပ်လိုက်သည်။ “မင်း မွေးရာပါ တစ်ခုခုကိုတော့ မမေ့လောက်ဖူး”
“ငါ ဘယ်လိုလုပ် သိမလဲကွ” သူက သူ့ရဲ့ ဒီမွေးရာပါစွမ်းရည်ကို ဆုံးရှုံးသွားတယ်ဆိုရင်တော့ ကွမ်ကျင်က လုံးလုံးကို အသုံးမကျတဲ့သူ ဖြစ်သွားပြီ။
![](https://img.wattpad.com/cover/283760726-288-k63832.jpg)
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023