Chapter 105 အခန်း ၁၀၅ နှစ်သစ်ကူးအကြိုည အပိုင်းတစ်
“ဆူညံနေတာပဲ ဘာလို့ အခုချိန်ထိ မပြီးကြသေးတာလဲ” ကွမ်ကျင်တစ်ယောက် မှောင်တစ်လှည့် လင်းတစ်လှည့်ဖြစ်နေသည့် ကောင်းကင်ကို မျက်မှောင်ကြီး ကုတ်ကာ ကြည့်နေသည်။
ဗန်း၊ တလက်လက်တောက်ပနေသည့် မီးပန်းကြီးက ကောင်းကင်တွင် ပေါက်ကွဲသွားပြန်သည်။ အားကွာကတော့ ဝရန်တာတွင် ထိုင်ကာ အမြီးတနံ့နံ့နှင့် ဒီမြင်ရခဲသည့် မြင်ကွင်းကို ရှုစားနေသည်။
“ဝေ့၊ ညစာ ရပြီ” လုယွင်ယွမ်က ဧည့်ခန်းကနေ လှမ်းအော်သည်။ “ရှောင်ကျင်ရေ လက်ဆေးဟေ့ စားကြမယ်”
ကွမ်ကျင်က ရုတ်တရတ်ကြီး သူတစ်ခါမျှ မခံစားဖူးသော အေးအေးဆေးဆေး သက်တောင့်သက်သာရှိလှ တာကြီးကို ခံစားလိုက်ရသည်။ သူ့မျက်နှာချင်းဆိုင်မှက သူ့ပန်းကန်ထဲကို တစ်ချိန်လုံး ဟင်းတွေထပ်ထပ် ထဲ့ပေးမည့်သူ ရှိကာ သူ့ခြေထောက်ဘေးတွင်တော့ သူ့ခွေးက သူ့ကိုယ်ပိုင်ပန်းကန်လေးနှင့် ရှိနေသည်။ သူက ဘယ်တုန်းကမှတော့ သူ့ရဲ့ပျင်းခြောက်ခြောက်ဘဝကြီးကို မကျေမနပ်မဖြစ်ခဲ့ပေမယ့် အခုအချိန်လေးမှာတော့ ကွမ်ကျင် ကျေနပ်အားရလို့နေသည်။
“စားတော့လေ အေးကုန်တော့မယ် ဘာတွေ စဉ်းစားနေတာလဲ” ကွမ်ကျင် အတွေးထဲနစ်နေတာကို မြင်ပြီး လုယွင်ယွမ် မနေနိုင်တော့ပဲ မေးလိုက်သည်။
“….. ဖက်ထုပ်တွေ လုပ်ထားတာလား” ကွမ်ကျင်ကတော့ ခေါင်းစဉ်းပြောင်းပစ်လိုက်သည်။
“အင်း၊ ကိုယ်က သိပ်တော်မနေဘူးလား” တစ်စုံတစ်ယောက်သောသူကတော့ ချီးမွမ်းခံရဖို့ကို ဂုဏ်ယူစွာနှင့် စောင့်နေသည်။
“အိုးထဲမှာတင် စွတ်ပြုတ်တော့ ဖြစ်မသွားပါဘူးနော်” ကွမ်ကျင် နည်းနည်းတော့ တုံ့ဆိုင်းသွားသည်။
“တစ်နေခင်းလုံး ထုပ်ထားရတာ ဘာမှမဖြစ်တာ ကြိမ်းသေတယ်”
နေ့ခင်းက တိုနီနှင့် ကွမ်ကျင် ဖုန်းပြောနေခဲ့တာ ဖြစ်ပေမယ့် လုယွင်ယွမ် လုပ်ထားသည့် ဖက်ထုပ်အရွက်က သံလိုပဲ တင်းရင်းနေမှာမှန်းတော့ သူလက်ခံပါသေးသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023