Chapter 109 အခန်း ၁၀၉ Still Waters and Bitter Cold
အတင်းအဖျင်းဆိုတာက အထူးအမှုတွဲဌာနရဲ့ ဘယ်တော့မှ မပျောက်မပျက်သွားတဲ့ အကြောင်းအရာတစ်မျိုး ပဲလေ။
"အိုးချန် ဒီနာမည်ကြီးက ရင်းနှီးနေသလိုပဲ" ကူရှန်းက အသဲအသန် မျက်မှောင်ကြီး ကုတ်ကာ သူ့မှတ်ဥာဏ်တွေထဲကို အသဲအမဲ ရှာဖွေနေသည်။
"သူက လွန်ခဲ့တဲ့ ခြောက်နှစ် ခုနစ်နှစ်လောက်က နာမည်ကြီးပဲလေကွာ။ မြေအောက်ဖျော်ဖြေရေး လောကထဲက အကောင်၊ ဂိမ်းတို့ နိုက်ကလက်တို့ ဘာတို့က အပေါ်ယံပါ။ တကယ့် အမှန်အကန်က လက်နက်မှောင်မိုနဲ့ မူးယစ်ဆေးလောကနဲ့ ရောနေတာ။ ဒါပေမယ့် လွန်ခဲ့တဲ့ ခုနစ်နှစ်က သူ့ကို အင်တာပိုနဲ့ ဒေသခံရဲတွေက ဖမ်းသေးတယ်။ လွတ်သွားတယ်လေ အဲဒိအထဲက သူဘယ်ရောက်နေမှန်း ဘယ်သူမှ မသိတော့ဘူး" လင်းပိုင်က လျှို့ဝှက်ဖိုင်အချို့ကို ခိုးကြည့်ပြီးတော့ ခပ်တိုးတိုးပြောလိုက်သည်။
"ဘော့စ်က သူနဲ့ တကယ်ကြီး ဖလစ်ခဲ့တာလား" ချန်ချောင်ယွီက မယုံသလို မေးလိုက်သည်။
"ဘော့စ် ကလဲ အဲ့လူပြောတာကို မငြင်းဘူးလေ။ ပြီးတော့ ဘော့စ်ကလဲ အရင်က လျှို့ဝှက်စုံထောက် လုပ်ခဲ့သေးတာပဲမလား တော်ကြာ...." တင်တင့် စိတ်က တဖန် ကွန့်မြူးနေပြန်ပြီ.
"ငါမရှိတာနဲ့ မင်းတို့တွေက သိပ်စကားများတာပဲ အမြဲတမ်း တွတ်တွတ်တွတ်တွတ်နဲ့ ပြောနေကြတာ စိတ်ကုန်တယ်နော် ငါ့ကို စိတ်ထဲမကောင်းအောင် လုပ်နေတာပဲ" ဝမ်ကျင်းဟန်က တကယ် စိတ်မကောင်းတဲ့ ရုပ်နှင့် တံခါးဘောင်ကို မှီပြီး ရပ်နေသည်။
"အဟမ်း.. ဟိုအကြောင်း ဒီအကြောင်းလောက်ပဲ ပြောနေတာပါ ဘယ်လိုလုပ် မဟုတ်ကဟုတ်ကတွေ ပြောရဲကြမှာလဲ " ချန်ချောင်ယွီက ဆိုသည်။
"ပြောစမ်းပါဦး ငါလဲ နင်တို့တွေ ဘာတွေ ဆွေးနွေးကြသလဲဆိုတာ ဝင်ပြောနိုင်အောင်လို့လေ" ဝမ်ကျင်းဟန်က အလျော့မပေးပဲ ဆက်ပြောလိုက်သည်။
"ဟိုလူပြောတာ ဟုတ်မဟုတ် ဆွေးနွေးနေတာ" ကွမ်ကျင်ကတော့ တည့်တည့်ပဲ ပြောချလိုက်သည်။
"သူပြောတဲ့အထဲက ဘယ်နားက ဘယ်အပိုင်းလဲ" ဝမ်ကျင်းဟန်က အနားကို လျှောက်လာကာ ထိုင်ချလိုက်သည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023