အခန်း ၅၉ ကျောင်းတွင်းသံသယ ၂၁

3.1K 659 3
                                    

Chapter 59 အခန်း ၅၉ ကျောင်းတွင်းသံသယ ၂၁  

ချန်ကျင် စာသင်ခန်းထဲမှ ထွက်လာချိန်တွင် အတော်လေးပင် နောက်ကျနေချေပြီ။ သူ တစ်ယောက်တည်း ခပ်အေးအေးသာသာပင် စင်္ကြန်လမ်းတွင် လျှောက်လှမ်းနေချိန် ရုတ်တရတ် ထောင့်နားလေး တစ်ခုမှ ပန်းရောင် သဏ္ဍာန်လေး တစ်ခု ဖျတ်ခနဲ ပေါ်လာပြီး အနားတွင်ပဲ ပျောက်ကွယ်သွားသည်။

ချန်ကျင့် မျက်လုံးထဲတွင် အံ့အားသင့်ဟန် ဖျတ်ခနဲ လက်သွားပြီး လိုက်ဖမ်းဖို့ ကြိုးစားတော့သည်။ ထောင့်လေးကို ချိုးလိုက်ချိန်တွင် ပခုံးနားလောက် ရောက်သော ဆံပင်နှင့် ပန်းရောင်ကုတ်အကျီဝတ်ထားသော မိန်းကလေး တစ်ယောက်ကို ခပ်မြန်မြန် ရှေ့ကို လျှောက်နေတာ မြင်လိုက်ရသည်။ သူ(မ)၏ နောက်ကျောမှာ အလွန်ရင်းနှီးလှသည့် ဖြစ်ရာ ချန်ကျင် မနေနိုင်မထိုင်နိုင်ပဲ သိပ်မကွာလှအောင် အကွာဝေးကို ထိန်းပြီး နောက်ကနေ ကြည့်ကာ လိုက်သွားသည်။

သူ(မ)က ကျောင်းဝင်း၏ အနောက်ဖက်မှ ဥယျာဉ်လေးရှိ ကျောက်တုံးလှေကားကို ရောက်ချိန်တွင် ထိုနေရာ၌ ကောင်လေးတစ်ယောက် စောင့်နေနှင့်သည်။ သူတို့ နှစ်ယောက်မှာ ဓါတ်မီးတိုင် အောက်တွင် မတ်တပ်ရပ်ကာ တစ်စုံတစခုကို ဆွေးနွေးနေပုံရကာ ကောင်လေး ခြေဟန်လက်ဟန်တွေ ဆက်တိုက်လုပ်ပြနေသည်။ သူ့အမူအယာတွေက နည်းနည်း ဒေါသထွက်နေပုံ ရသည်တောင် ကောင်မလေးကတော့ ခေါင်းခါလျက်ပင်။ ချန်ကျင်က သူတို့ကို ခဏလောက်ကြည့်နေပြီးတော့မှ သူ့ဘာသာသူလဲ ရယ်စရာ ဖြစ်နေသလို ခံစားရသည်ကို လှည့်ထွက်သွားဖို့ ပြင်တော့သည်။ ထိုအချိန်တွင် ကောင်မလေးက ရုတ်တရတ် ရှေ့ကို တိုးကာ ကောင်လေး၏ ရင်ဘတ်ကို ဒေါသတကြီး ရိုက်ပုတ်တော့သည်။ ချန်ကျင်လဲ လှည့်ထွက်ရန် ပြင်သည့် တဝက်ကြီးတွင် ရပ်တန့်သွားသည်။

ကောင်လေးကတော့ သူ(မ)တွန်းလိုက်သည်ကို ဒေါသထွက်သွားပုံ ရအောင် “အားကြီး စိတ်ရှုပ်ဖို့ ကောင်းတာပဲ” ဟု အော်ထုတ်လိုက်သည်။ ပြီးနောက် သူက လက်လှမ်းက ကောင်မလေးကို တွန်းလိုက်သည်။ ကောင်လေးက အားပိုကောင်းတာနှင့် ကောင်မလေးမှာ သတိမထားသည့်အချိန်မို့ ကောင်မလေးမှာ တွန်းလိုက်သည့် ဒါဏ်နှင့် ခြေချော်သွားပြီး ဟန်ချက်ပျက်ကာ လှေခါးမှ လဲကျတော့သည်။ သူ(မ)၏ တစ်ကိုယ်လုံးက တုန်ရီသွားကာ အော်သံတစ်ခုနှင့် အတူ ပျောက်ကွယ်သွားသည်။ 

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now