အခန်း ၁၁၄ Still Waters and Bitter Cold 7
နောက်တစ်နေ့ သူ ဘားကို ရောက်ချိန်မှာ လူတွေ ရုတ်စု ရုတ်စုနှင့် အချင်းချင်း တိုးတိုးတိုးတိုး လုပ်နေကြသည်။
"ဘာဖြစ်တာလဲ" ဝမ်ကျင်းဟန်က စပ်စုလိုက်သည်။
"အရပ်ဝတ်ရဲတစ်ယောက် ကို ဖမ်းမိလို့ အခု စစ်မေးနေတာလို့ ကြားတာပဲ" ကျောင်းရှုက အောက်ကို ငုံနေတာမို့ သူ့အမူအယာကတော့ ဖမ်းလို့ မရပေ။
ဝမ်ကျင်းဟန်က ထိတ်လန့်မသွားပေ။ မနေ့က ပြောကြဆိုကြတာတွေ သူကြားထားတာပဲ ဒီလူတွေက တွင်းထဲကနေ မြွေထွက်လာအောင် မြှားခေါ်ကြလိမ့်မည်။ သို့သော်လည်း ဒီနေ့ အနေအထား အရဆိုလျှင် အိုးချန်နဲ့ သူ့လူတွေက ဘယ်သူ ဘယ်ဝါမှန်း အတိအကျ မသိသေးပုံ ရသည်။ သူတို့က သတင်းအမှားထုတ်ပြီးတော့ အဲဒိ အေးဂျင့်ကို ဆွဲထုတ်ကာ သူနှင့် စပ်ဆက်နေသော သူများကိုပါ သိရအောင် လုပ်ချင်ပုံရသည်။ ဝမ်ကျင်းဟန်က မေးစေ့လေးပွတ်ရင်းနှင့် သူတို့ကတောင်မှ လူသေချာမသိ မှတော့ သူ့မှာလဲ အကြံရှိတယ်လေ။
"ငွေစာရင်းဌာနမှာ စာရင်းသွားရှင်းမလို့ဆို။ ငါ့ကိုပါ ခေါ်သွားလို့ ရလား" ဝမ်ကျင်းဟန်ကတော့ ဒီသတင်းထက် အလုပ်ကို ပိုစိတ်ဝင်စားသယောင် ဟန်ဆောင်လိုက်သည်။
"မင်း သင်ချင်လို့လား"
"အင်း၊ ဘားထဲမှာပဲ တစ်ချိန်လုံး မနေချင်ဘူး.."
ကျောင်းရှု၏ အကြည့်တွေက တစ်မျိုးတော့ ဖြစ်သွားပေမယ့် နွေးနွေးထွေးထွေး ပြုံးပြဆဲပင် "ရတယ်လေ မင်းကို ခေါ်သွားမယ်"
ငွေစာရင်းဌာနက သူတို့ အဆောက်အအုံကြီး၏ အခြားတစ်ဖက်တွင် ရှိသည်။ တစ်ထပ်လုံးက ခေတ်မီရုံးခန်း အပြင်အဆင်များနှင့် အနောက်တိုင်းဝတ်စုံနှင့် သားရဲဖိနပ် စီးထားသူ၊ ဒေါက်မြင့်ဖိနပ်နှင့် စကတ်တိုများ ဝတ်ထားသူများဖြင့် လှုပ်ရှားနေသည်။
ကျောင်းရှုက ဝမ်ကျင်းဟန်ကို ဦးဆောင်ကာ 'အထူးငွေစာရင်းဌာန' ဆိုသော ရုံးခန်းထဲသို့ ခေါ်သွားသည်။ အတွန်းမှာတော့ အလုပ်လုပ်နေသူ လေးငါးဦး ရှိသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023