အခန်း ၈၇ ထိတ်ထိတ်လန့်လန့် အပျော်စီးခရီး ၂၁

2.8K 519 41
                                    

Chapter 87 အခန်း ၈၇ ထိတ်ထိတ်လန့်လန့် အပျော်ခရီး ၂၁

ကွမ်ကျင် မျက်လုံးဖွင့်လိုက်ချိန်တွင် သူ တစ်ခါ ထပ်မြင်လိုက်ရသည်က အဖြူရောင် မျက်နှာကျက်ကြီး ပြီးတော့ နံရံဖြူဖြူ၊ ပြီးတော့ စောင်၊ နောက်ပြီးတော့ ဝမ်ကျင်းဟန်။

သူ ထပ်ပြီးတော့ ဝိဥာဏ်လွင့်လာပြန်ပြီလား

မျက်လုံးမှိတ်ပြီး အိပ်ငိုက်နေသည့် ဝမ်ကျင်းဟန် ကုတင်ပေါ်က လှုပ်ရှားသံကြားတော့ ကပျာကသီ မျက်လုံးဖွင့်ကြည့်လေသည်။

ကွမ်ကျင် သူ့လည်ပင်းကို ပွတ်ရင်း ထထိုင်လိုက်သည်။ "ဘာလို့ လည်ပင်းက တအားနာနေတာလဲ"

"မင်းပဲ သဘောင်္ပေါ်မှာ မေ့လဲသွားတာပဲ။ လဲကျတုန်းက ထိသွားတာ နေမှာပေါ့" ဝမ်ကျင်းဟန်က ပြန်ဖြေလိုက်သည်။

"လဲကျတယ် ဟုတ်လား လည်ပင်းပေါ်ကို လဲကျရမှာလား" ကွမ်ကျင်က မျက်စိအသာလှန်ကာ "လဲကျတာ သောက်ရမ်းစကေးကြွယ်နေတာပဲ ဖြစ်ရမယ်" ဒါနဲ့ ဘာလို့ သူမေ့လဲတာလဲ....

ထုံထုံထိုင်းထိုင်းဖြစ်နေသည့် သူ့ဦးနှောက်က ရုတ်တရတ် ရှင်းလင်းသွားသည်နှင့် လည်ပင်းနာနေတာကိုတောင် ကွမ်ကျင်မေ့သွားပြီး ဓါတ်လိုက် လိုက်သလို ဆတ်ခနဲ ထထိုင်ကာ "သူ သေပြီလား"

ဝမ်ကျင်းဟန်က မျက်စိ မှိတ်လိုက်ဖွင့်လိုက်နှင့် ကွမ်ကျင်၏ တည်ငြိမ်လှသော အမူအယာကို ကြည့်သည် ပြီးတော့ အိပ်ရာခင်းကို တင်းတင်းဆုပ်ကိုင်ထားသည့် သူ့လက်များဆီ အကြည့်ရောက်သွားပြီး မနေနိုင်ပဲ ပြုံးတောင် ပြုံးမိသွားကာ "တဲ့ကို မေးတာပဲ။ သူ့ကို သေစေချင်တာလား မသေစေချင်တာလား"

"နှလုံးကို ပစ်လိုက်တာပဲ။ ဘယ်သူကမှတော့ ဒီလိုကနေ ပြန်ကောင်းမလာဘူး" ကွမ်ကျင့်မျက်နှာက နည်းနည်းတော့ ဖျော့နေလေရဲ့။

"ဟွန့်..နှလုံးလား အဲဒိကောင်မှာ နှလုံးဆိုတာ ရှိကော ရှိလို့လား စကားမစပ် သူက ဘေးခန်းမှာ၊ နှလုံးလဲ ခုန်သေးတယ်။ မင်း ထပ်ပစ်ချင်ရင် ထပ်ပစ်ဖို့ အချိန်ရှိသေးတယ်"

ကွမ်ကျင်တစ်ယောက် သူဘယ်တုန်းထဲက အောင့်ထားမိမှန်း မသိသော သက်မောကြီး ရုတ်တရတ် ကျသွားလေသည်။ သူ မသေဘူး။ သူ တကယ်ကြီး မသေဘူး... စောင်ကို မ ကုတင်ကနေ ဆင်းကာ အပြင်ကို ထွက်သွားလေသည်။ သူထွက်သွားတာကို ဝမ်ကျင်းဟန်က ကြည့်နေကာ ခေါင်းအသာခါရင်း သူ့ဘာသာသူ တီးတိုးပြောနေလေသည်။ မင်းတို့ နှစ်ကောင်လုံး အရူးတွေချည်းပဲ။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedDonde viven las historias. Descúbrelo ahora