အခန်း ၁၈ ပွဲဦးထွက် ၁၆

5K 883 28
                                    

Chapter 18 အခန်း ၁၈ ပွဲဦးထွက် ၁၆

စုစုပေါင်း လူသုံးယောက် တွယ်ဆင်းလာတာဖြစ်ကာ ပထမဆုံးတစ်ယောက်က မကျေမနပ် အသံထွက်လာသည်။ “ဘယ်ရောက်သွားတာလဲ၊ သူ ဒီဖက်ပြေးသွားတယ်လို့ မင်းပြောတာမဟုတ်ဘူးလား”

“လျှို့ဝှက်တံခါးကနေ ပြေးထွက်သွားတာ င့ါကိုယ်တိုင် မြင်တာကွ” နောက်တစ်ယောက်က ပြန်ပက်သည်။

“စကားများမနေနဲ့၊ အဲဒိ ကလေးကို ဖမ်းဖို့ ဘာလို့ လိုနေသေးတာလဲ။ ရဲတွေတောင် တံခါးလာခေါက်နေပြီ ထွက်ပြေးကြရအောင်” တတိယလူက အလောတကြီး ပြောလိုက်သည်။

“စိတ်ထဲ ထားမနေနဲ့ လာသွားမယ်”

သူတို့ သုံးယောက်သား ဦးတည်ပြေးသည့် ဆီက ဇီလန်ကလပ်၏ အခြားတစ်ဖက်က နံရံကို ဖြစ်သည်။

ထိုတံတိုင်းတွင်လည်း လျှို့ဝှက်တံခါးတစ်ချပ် ရှိပုံ ရသည်။ ကွမ်ကျင်က နောက်လှည့်ကာ လုယွင်ယွမ်ကို လေသံတိုးတိုးနှင့် “ခင်ဗျားမှာ သေနတ်ရှိလား”

“အရာရှိမင်း၊ လူတွေ ရောနေတာလား ကျွန်တော်က ပြည်သူ အရာရှိမင်းကမှ ရဲလေ” လုယွင်ယွမ်က စလေသည်။

ကွမ်ကျင်က မျက်လုံးလှန်ပြတော့သည်။ ခင်ဗျားသာ ပြည်သူတစ်ယောက် ဆိုရင် ငါကလဲ တကယ့် ရဲပဲ။

“ဒါပေမယ့် ကိုယ်တို့မှာ သေနတ်မရှိဘူး သူတို့မှာ ရှိတယ်လေ” လုယွင်ယွမ်က ထွက်ပြေးသွားသည့် လူတွေ ဆီကို လက်ညိုးထိုးပြသည်။

ကွမ်ကျင် မျက်မှောင်ကြုပ်သွားကာ သူ့နားက အလှဆင်ထားသည့် ပန်းအိုးကို ကောက်မကာ ပစ်ထည့်လိုက်သည်။

ခလွမ်း၊ ဖြစ်ချင်တော့ ထွက်ပြေးတဲ့သူတွေ နောက်နားကို ကျသွားတော့သည်။

“ဘယ်သူလဲ”

ဒိုင်း.. ဒီမှာ သေနတ်သံ… သူတို့ထဲက တစ်ယောက်က နောက်ကို ရောက်တတ်ရာရာ ပစ်လိုက်တာ ဖြစ်သည်။

“ငတုံး၊ သေနတ်ပစ်လို့ မင်းကို ဘယ်သူပြောလဲ” အခြားနှစ်ယောက်က ဆူရင်း လန့်ကုန်သည်။

သေနတ်သံက အနားက ရဲတွေကို လှန့်လိုက်သလို ဖြစ်သွားကာ လှုပ်ရှားမှု တစ်ရပ် ဖြစ်သွားသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now