Chapter 39 အခန်း ၃၉ ကျောင်းတွင်း သံသယ ၁
ပျင်းရိခြင်းများနှင့် ဖြတ်သန်းရသော နေ့ရက်များ စတင်လာပြန်သည်။
လူတွေက ဒီလို ဖြစ်ပျက်နေသည့် အပေါ်တွင် အပြစ်ရှိသလို ခံစားနေရသည်: သူတို့တွေ အလုပ်များချိန်တွင် အလုပ်လုပ်နေရတာထက် တစ်နေရာလေးကို ငေးပြီး အသာလေး ထိုင်နေဖို့ အော်ဟစ်ကြသည်။ ဟော အားလပ်ချိန်လဲ ထပ်ရလေရော ဘာမှလုပ်စရာ မရှိတာကြီးက သူတို့ကို မသက်မသာ ခံစားရစေပြန်သည်။ နေ့တိုင်းသာ ငူငူကြီး ထိုင်ပြီး ဘာမှမရှိတာကို သာ ကြည့်နေရလျှင် မအီမသာ ဖြစ်လိမ့်မယ်။ ထိုအချိန်တွင် ဝမ်ကျင်းဟန်တောင်မှ ပျင်းရိနေသည်။ ရာသီဥတုကလည်း ပူပြင်းတော့ သူ့မှာ အခြားသူတွေကို သွားပြီး နားပူနားဆာ လုပ်ချင်စိတ်တောင် မရှိတော့ပဲ။
အထူးအမှုတွဲအဖွဲ့က အလုပ်များနေချိန်တွင် အခြားသောသူများထပ် ဖိအားပိုရှိပေလိမ့်မယ်။ သို့သော် သူတို့အားလပ်နေချိန်တွင်မူ ဗျူဟာရုံးတစ်ခုလုံးကို လိုက် အနှောင့်အယှက် ပေးတော့သည်။ အဲဒါနှင့် ပင် အခြားသော ဌာနများက သူတို့တွေ သူများတကာ ရုံးခန်းထဲသို့ နေကြာစေ့စားဖို့ စကားပြောဖို့ ရေနွေးသောက်ဖို့ အစရှိသဖြင့် ဝင်ချင်သလို ဝင်နေခြင်းအား တားမြစ်ကန့်သတ်တော့သည်။ မင်းတို့တွေ ဘာမှ လုပ်စရာ မရှိရင် နေမယ် ငါတို့တွေမှာတော့ ရှိတယ်လေကွာ။
သြဂုတ်လကုန်တွင် တက္ကသိုလ်များ တစ်ခုပြီးတစ်ခု စတင်ဖွင့်လှစ်လာကြသည်။ လုယွင်ယွမ်လည်း ကျော်းကို ပြန်သွားရကာ သူ့ပြောပုံ အရဆိုလျှင် ယခုနှစ်တွင် စိတ်ကြိုက်စိတ်ပညာကို ဖွင့်လှစ်မည်။ ထိုအတန်းသို့ စာရင်းပေးသွင်းခြင်းမှာ ချက်ချင်း ပြည့်သွားသဖြင့် အတန်းသေးလေးအဖြစ်မှ အတန်းကြီး အဖြစ်သို့ ပြောင်းလဲလိုက်ရကာ လုယွင်ယွမ်မှာလဲ တာဝန်ရှိရှိနှင့် သင်ခန်းစာအတွက် ပြင်ဆင်ရန် ပြန်သွားရသည်။
ကွမ်ကျင်က နာရီလက်တံ ခြောက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဗျူဟာရုံးထဲမှ ပြေးထွက်တော့သည်။ သူ တစ်စက္ကန့်လေး ထပ်သည်းခံမည်ဆိုရလျှင် ထောင်ထဲပဲ သွားနေလိုက်တော့မည်။ သူ့ခံစား နေရတာလေးတွေကို ပြေပျောက်စေဖို့ နေရာလေး တစ်ခုရှာကာ ညစာလေး ကောင်းကောင်းမွန်မွန် သွားစားရန် ပြင်ချိန်တွင် သူ့ဖုန်းက မြည်လာသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023