အခန်း ၅၁ ကျောင်းတွင်းသံသယ ၁၃

3K 633 12
                                    

Chapter 51 အခန်း ၅၁ ကျောင်းတွင်းသံသယ ၁၃

“တော်တယ်” ဝမ်ကျင်းဟန်က ကွမ်ကျင့်ကို ဖုန်းထဲကနေ ချီးကျူးနေသည်။ “မင်းတောင် တဖြည်းဖြည်း အတွက်အချက်တွေ ပိုပိုတော်လာပြီ”

“အရင်ကကော ကျွန်တော်က ထမင်းချိုး ဟင်းချိုးလား”

“ငါတို့ရဲ့ ထမင်းချိုး ဟင်းချိုးကတောင် ထိပ်တန်းတွေချည်းပဲ”

“ဟွန့်.. ကျွန်တော် ဟိုအရုပ်ဆိုင်ကို မေးကြည့်ပြီးပြီ။ သူတို့မှာ တကယ်ပဲ အစစ်နဲ့တော်တော်တူတဲ့ ပလတ်စတစ် ပိုးဟပ်တွေ ရောင်းတယ်။ ဒါပေမယ့် ဝယ်တဲ့သူတွေကိုတော့ မမှတ်မိဘူး ပြောတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ဒီနှစ် ဇွန်လထဲမှာ ရောင်းလိုက်ရတယ်တဲ့။ ဝမ်ထျန်းဖုန် သေခါနီး အချိန်နားလောက်လေး ”ကွမ်ကျင်က ဆက်တင်ပြသည်။

“အင်း၊ ကူရှန်းကလဲ ဒီလိုမျိုး ဇီဝဗေဒမော်ဒယ်မျိုး ဓါတ်ခွဲခန်းတွေမှာ မသုံးဘူးလို့ အတည်ပြုပေးတယ်။ ဒီတော့ တစ်ယောက်ယောက်က တမင်ထားခဲ့တာ။ အခုတော့ ဝမ်ထျန်းဖုန်သေတာက မတော်တဆမဟုတ်တာ တော်တော်လေး သေချာနေပါပြီ ”

XXXXXX

နေ့လည်စာ စားပြီးတော့ ကွမ်ကျင် ကမန်းကတန်း ထွက်ခာသည်။ အဲဒိ ဆရာမက တော်တော် စိတ်ရှုပ်ဖို့ ကောင်းတာပဲ။ သူ့အသံထွက်က အရမ်းကောင်းတယ် ပြောပြီးတာနဲ့ အတန်းပြီးချိန်တွေမှာ အားလုံးအတွက် စကားပြောလေ့ကျင့်ပေးဖို့ထဲကို သူ့ကို ထည့်ထားသည်။ သူ့မှာ အချိန်ပို ရှိမနေပေ။ သို့သော်လည်း အဲဒိအချိန်တုန်းကတော့ ဆရာမကို အရှက်ရအောင် မလုပ်ချင်တာကြောင့် သီးသန့်ပဲ သွားပြောဖို့ ဆုံးဖြတ်လိုက်သည်။ ဒီလူတွေကတော့ အရမ်းကို ဗဟုသုတကင်းမဲ့တာပင် သူ့ကိုတောင် မျက်စိလာကျနေသည်။

နယ်မြေ အေမှ စာသင်ခန်းကျယ်ကြီး ဘေးရှိ နေရာတစ်ခုလုံးမှာ ဆရာ၊ ဆရာမများ ရုံးခန်း ဖြစ်လောက်သည်။ ကွမ်ကျင်က တံခါးမှ မှန်ပြတင်းကနေ ချောင်းကြည့်လိုက်ပေမယ့် အခန်းရဲ့ နေရာသေးသေးလေးသာ မြင်နိုင်သည်။ ဒါနှင့်ပင် သူက တံခါးကို ဖွင့်ကာ ခေါင်းလေးတိုးဝင် ချောင်းကြည့်လိုက်သည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now